ချက်ကျွေးလိုက်တာနဲ့ ကောင်လေးဆီက အချစ်ပိုရမယ့်အစားစာများ - TrueID

ချက်ကျွေးလိုက်တာနဲ့ ကောင်လေးဆီက အချစ်ပိုရမယ့်အစားစာများ

January 11, 2023

ချစ်ခြင်းအစ ဝမ်းဗိုက်က လို့ တချို့တွေ့က စ‌နောက်ပြောကြပေမယ့် တကယ်လမ်း ဒီစကားက မှားယွင်းနေတဲ့စကားတစ်ခွန်းတော့မဟုတ်ပါဘူးနော်... ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ကို အစားကောင်းလေးတွေကျွေးမွေး တဲ့သူ၊ ချက်ပြုတ်ပေးတဲ့သူရှိရင် သဘောကျကြတာပါပဲ။

မိန်းကလေးအများစုကတော့ အိမ်မှာလုပ်စားတတ်ရင်တောင် အပြင်စာကို မက်မောတတ်ကြပေမယ့် အမျိုးသားတွေကတော့ မရှိလို့သာ ဝယ်စားရတယ် ရှိနေရင် အိမ်ထမင်းအိမ်ဟင်းကောင်းကောင်းကိုသာတောင်းတတတ်ကြသူများပါတယ်။

null

တကယ်လို့ ကိုယ့်မှာ ချစ်သူကောင်လေးရှိတဲ့အခါ သူကိုယ့်အပေါ် အချစ်တွေပိုလာအောင် ဒါမျိုးလေးတွေချက်ကျွေးကြည့်နော်

(၁) ပူပူနွေးနွေး ဟင်းလျာများ

null

ယောကျ်ားလေးတွေအများစုက မိန်းကလေးတွေလို သိပ်ချည်းမများတတ်ကြပါဘူး။ သူတို့အတွက် ထမင်းဟင်းက ပူပူနွေးနွေးလေးနဲ့ နွေးထွေးတဲ့ ခံစားချက်မျိုး ရနေမယ်ဆိုရင် ဟင်းမကောင်းရင်တောင်အလိုလိုစားမြိန်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူကို ပူပူနွေးနွေးနဲ့စားလို့ကောင်းတဲ့ ဟင်းကောင်းလေးတစ်ခွက်နဲ့လက်စွမ်းပြလိုက်ပါ။

(၂) အမြည်းကောင်းကောင်း

null

ယောကျာ်းလေးဆိုတာတော့ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် တခါတလေသောက်စားတာမျိုးရှိမှာပါ။ သူအတွက် အကြော်အလှော်လေးတွေ၊ ထမင်းနဲ့စားစား ဒီတိုင်းစားစား အသုံးဝင်တဲ့ အရာလေးတွေကို ကြော်လှော်ထားပေးတာမျိုးကိုလည်းသူတို့သိပ်သဘောကျတတ်ကြပါတယ်။

(၃) တိုင်းရင်းသားအစားစာ

null

ဒါကတော့ တိုင်းရင်းသားချစ်သူကောင်လေးကိုပိုင်ဆိုင်ထားတဲ့သူတွေအတွက်ပါ။ ‌ယောကျ်ားလေးအများစုက ကိုယ့်တိုင်းရင်းသားအစားစာကို ကြိုက်ရင်တောင် ကိုယ်တိုင် အသေးစိတ်ချက်မစားတတ်တာမလို့ ကိုယ့်ကောင်လေးကြိုက်တဲ့ သူ့တိုင်းရင်းသားအစားစာလေးတွေကို ချက်ကျွေးဖို့လိုပါတယ်။

(၄) သူတချိန်ကတောင်းတဖူးတဲ့အစားစာ

null

အကြောင်းအမျိုးမျိုးကြောင့် အခွင့်မသာလို့ မစားဖြစ်တဲ့အစားစာမျိုး၊ စားဖူးပေမယ့်လည်း မကြာသေးခင်ကပဲသူစားချင်တယ်လို့ ညည်တွားခဲ့တဲ့ အစားစာမျိုးရှိရင် တိတ်တိတ်လေး Surprise လုပ်ပြီးလုပ်ကျွေးပါ။

null

ဒီလို သူတို့ကြိုက်တယ်ဆိုတာလေးကို မှတ်ထားပြီးချက်ကျွေးတာကလည်း သူတို့အတွက် ပိုချစ်ချင်လာစရာ အမှတ်တရလေးတစ်ခုပါပဲ

Source from sl (own creation)

Photos credit from google

 

Read More
Loading...
Loading...