အိမ်လုပ် ဆီချက်ခေါက်ဆွဲပူပူလေး လုပ်စားကြည့်ရအောင်... - TrueID

အိမ်လုပ် ဆီချက်ခေါက်ဆွဲပူပူလေး လုပ်စားကြည့်ရအောင်...

October 12, 2022

ဘယ်တရုတ်ဆိုင်ရောက်ရောက် ဆီချက်ခေါက်ဆွဲမှ ဆီချက်ခေါက်ဆွဲ ဆိုပြီး မှာစားတတ်တဲ့သူတွေရှိလား?...

ဆိုင်တော်တော်များများမှာ ရောင်းလေ့ရှိတဲ့ ဆီချက်ခေါက်ဆွဲက အရင်ခေတ်တွေကတာ့ စားလို့ကောင်းပေမယ့်အခုခေတ်ကြီးထဲမှာ အချိုမှုန့်တွေ အများကြီးသုံးလာကြတာဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်နော်...

null

ဒါကြောင့် အရသာလည်းရှိကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ အိမ်လုပ်ဆီချက်လေးကို ချက်စားကြည့်ရအောင်...

လူမမာတွေ အတွက်လည်း လုပ်ကျွေးလို့ရသလိုကိုယ်တိုင်လည်း ကျန်းမာရေးနဲ့အညီအရသာရှိရှိစားလို့ရတာမလို့အခုပဲလိုက်ချက်ကြည့်လိုက်တော့နော်...

null

ပါဝင်ပစ္စည်းများ

_ခေါက်ဆွဲ၊ ဂျင်း၊ ငရုတ်ကောင်းမှုန့်

_ ကြက်သား၊ ကြက်သွန်အဖြူကြော်၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီမွှေး၊ ကြက်သွန်မြိတ်၊ ငရုတ်သီးဆော့စ်၊ကြက်သွန်နီနဲ့ငရုတ်သီးစိမ်း  (အချဉ်အတွက်)

ပြုလုပ်ပုံအဆင့်ဆင့်

() ကြက်သားများကို အတုံးလိုက် အရသာမှုန့်နဲ့ငရုတ်ကောင်းမှုန့်ထည့်ပြီး ပြုတ်ထားပါ၊ ပြုတ်တဲ့ထဲကို ဂျင်းအနည်းငယ်ထည့်ပါ၊

null

() ခေါက်ဆွဲကို ရေနွေးနဲ့ပြုတ်ပြီး ကျက်လာတဲ့အခါ ရေအေးလေးနဲ့ပြန်ဆေးလိုက်ပါ။

() ကြက်သွန်မြိတ်များကို ပါးပါးလှီးထားပါ။

() ကြက်သွန်နီဆီချက်(သို့)အဖြူကို ဆီချက်ချက်ထားပါ။

() ကြက်သားကို ရေစပ်စပ်လေးပဲချန်ပြီးနူးနေအောင်ပြုတ်ထားပါ။

() ကြက်သားကျက်လာရင်တော့ စလုပ်လို့ရပါပြီ။ ဇလုံထဲကို ခေါက်ဆွဲများထည့်ပါ၊ ဆီချက်အရည်နဲ့အဖက်ကိုလိုသလောက်ထည့်ပါ၊ ကြက်သားပြုတ်ရည်အနည်းငယ်ထည့်ပါ၊ အရသာမှုန့်ထည့်ပါ၊ ပဲငံပြာရည် အကြည်အနည်းငယ်ကို ထည့်ပါ၊ နှမ်းဆီမွှေးထည့်ပါ၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပါ။ ပြီးရင်တော့အားလုံးကိုရောသမအောင်မွှေပါ။ နောက်ဆုံးမှာ‌တော့ ကြက်သားကို အဖက်လေးတွေလုပ်ပြီးပဲထည့်ထည့် အတုံးလိုက်ပဲထည့်ထည့် ထည့်ပြီး စားလို့ရပါပြီနော်...

null

အချဉ်အတွက် ငရုတ်ဆော့စ်ရယ်၊ ကြက်သွန်နီရယ်၊ငရုတ်သီးစိမ်းရယ်ကို ရောပြီး ရင်အချဉ်ရပါပြီ...

အရမ်းအရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်လို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်...

null

null

Source from sl(own creation)

Photos credit from Google

Read More
Loading...
Loading...