ခေါက်ဆွဲကြော်ကို ဆိုင်ကြော်ချိုချိုကြီးတွေမစားချင်ဘူး ။ အညာဆန်ဆန်လေးပဲ ကြော်စားချင်တယ်ဆိုတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာတော့ အရမ်းကို စားလို့ကောင်းပြီး အိမ်မှာ မိသားစုနဲ့ အားရပါးရစားလို့ရတဲ့ အိမ်လုပ်ခေါက်ဆွဲကြော်နည်းလေးကို ပြောပြပေးပါမယ်နော်…
အရမ်းစားလို့ကောင်းပြီး ထမင်းမြိန်တဲ့ ကြော်နည်းလေးမလို့ အိမ်မှာအတူတူ လိုက်ကြော်ကြည့်ရအောင်
-ခေါက်ဆွဲကို အရသာမှုန့် ၊ ခရုဆီ ၊ ပဲငံပြာရည် အကြည် ၊ အနောက် နဲ့ဖွဖွလေး နယ် ပြီး နှပ်ထားပါ
- 5min လောက်နှပ်ပြီးရင် ဆီပူပေးပြီး အိုးထဲမှာ ခေါက်ဆွဲချည်းပဲ သီးသန့်အရင် ကြော်လိုက်ပါ
- ဆီနဲ့လုံးပြီးသားခေါက်ဆွဲကိုခပ်ထားပြီး
အရွက်အသား နဲ့ ထည့်ချင်တဲ့ ဟာတွေကို ကြော်ပါ ။ကြော်တဲ့ထဲ အရသာမှုန့် ၊ ပဲငံပြာရည် အကြည်၊ခရုဆီ၊ သကြား ၊ ဆား ၊တရုတ်မဆလာ သင့်သလိုထည့်ပါ။
- အရွက်နဲ့ အသားတွေနူးအိလာပြီဆိုရင် ဘဲဉဖောက်ထည့်ပါ
-ပြီးရင်တော့ အစောပိုင်းကဖယ်ထားတဲ့ခေါက်ဆွဲကြော်နဲ့ ရောလိုက်ပါ။ ကြက်ဉ ကြော်ဖြူးပါ။
ဒါဆိုရင်တော့ သိပ်ကို အရသာရှိပြီး စားလို့ကောင်းတဲ့ အိမ်ကြော်ခေါက်ဆွဲ ပူပူလေး ကိုသုံးဆောင်နိုင်ပါပြီရှင်
အရမ်းစားလို့ကောင်းလို့ အိမ်မှာကြော်စားကြည့်ကြဦးနော် …