ကိုရီးယားကားတွေနဲ့ ကိုရီးယား food blogger တွေ စားပြနေကြ ကိုရီးယားထမင်းလုံးကြီးကို မြင်ဖူးကြမှာပါနော်... ထမင်းလိပ်တို့ ဆူရှီတို့ထက် အရွယ်စားကြီးပြီး မိန်းကလေးလက်သီးလုံးလောက်ရှိတဲ့ ရေညှိထမင်းလုံးကြီးကတကယ်ကို အမြင်နဲ့တင်စားချင်စရာကြီးဖြစ်နေမှာပါနော်...
Food Blogger တွေစားပြတဲ့အတိုင်း သိပ်ကိုအရသာရှိပြီး စားချင်စဖွယ်ဖြစ်တဲ့ ကိုရီးယာားဆန်ဆန် ရေညှိထမင်းလုံးကြီးကို အတူတူလုပ်စားကြည့်ရအောင်နော်...
ပါဝင်ပစ္စည်းများ...
_ ရှမ်းဆန် တစ်လုံး
_ ရေညှိ အမှုန့်
_ တူနာ Ready Madeဘူး
_ သကြား၊ ဆား ၊ နှမ်းဆီမွှေး၊ နှမ်းနက်
_ မနောနိစ်
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ရှမ်းဆန် တစ်လုံးကို အရင်တည်ပါ...(ထမင်းကျက်သွားတဲ့အခါ အနည်းငယ်ဖွပြီးအအေးခံထားပေးပါ)
(၂) တူနာ ဘူးကို ဖောက်ပြီးပန်းကန် တစ်လုံးထဲကို ထည့်ပါ။မနောနိစ် နဲ့ နှမ်းဆီမွှေးအနည်းငယ်ထည့်ပြီးရောမွှေးပါ
(၃) ထမင်းကျက်သွားပြီဆိုရင် ထမင်းကို သကြားအနည်းငယ်၊နှမ်းနက်၊ ဆားအနည်းငယ်နဲ့နယ်ပြီး နှပ်ထားပေးပါ။
(၄) ထမင်းအရသာရှိသွားပြီဆိုရင်တော့ အလုံးကြီးလုံးပြီးအလုံးထဲမှာ အရသာရောနယ်ထားတဲ့ တူနာများကို အစာသွပ်ပါ ( ထမင်းလုံးရတာလွယ်အောင် ထမင်းလေးကိုလုံးတဲ့နေရာမှာ နှမ်းဆီမွှေးကို ရောနယ်ပေးပါ)
(၅) ထမင်းလုံးကတင်းတင်းလေးနဲ့အစာပြည့်သွာပြီဆိုရင်တော့ ရေညှိမှုန့် များနဲ့ လုံးလိုက်ပါ။
အခုဆိုရင်တော့ အရမ်းကို အရသာရှိပြီးစားလို့ကောင်းတဲ့ ကိုရီးယားရေညှိထမင်းလုံးကြီးကိုရရှိပါပြီ။ တူနာနေရာမှာ ကိုယ်ကြိုက်နှစ်သက်ရာကို အစားထိုးလို့ရပါတယ်နော်...
အရမ်းစားကောင်းပြီးလွယ်လို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်...
Source from Kimbap rice
Photos credit from Google