ပေါင်းအိုးနဲ့ထမင်းအဆီနည်းအောင် ဘယ်လိုချက်ကြမလဲ? - TrueID

ပေါင်းအိုးနဲ့ထမင်းအဆီနည်းအောင် ဘယ်လိုချက်ကြမလဲ?

June 20, 2022

အရင်ခေတ်က လူကြီးတွေကျန်းမာတယ်ဆိုတာ ထမင်းကိုငှဲပြီးစားကြလို ကျန်းမာကြတယ်လို ကြားဖူးပါတယ်။ ဒီလိုငှဲစားတတ်ကြတဲ့အလေ့အထကြောင့်လည်း ထမင်းကစီဓာတ်တွေနည်းပါးပြီး ကျန်းမာအသက်ရှည်စွာနေထိုင်နိုင်ကြတာပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်ကြီးထဲမှာတော့ လူတော်တော်များများက ပေါင်းအိုးနဲ့ပဲထမင်းကိုအလွယ်တကူချက်ပြုတ်လာကြပါပြီ။ ဒီလိုချက်တာက လွယ်လွယ်နဲ့မြန်မြန် ထမင်းကို ကျက်စေပေမယ့်လည်းနောက်ကွယ်မှာတော့ သိပ်ကိုဆိုးဝါးတဲ့ကျန်းမာရေးပြဿနာတွေဖြစ်လာတတ်ပါတယ်။

null

အထူးသဖြင့် ပေါင်းအိုးနဲ့ချက်တဲ့ထမင်းက ရေငှဲစရာမလိုတာကြောင့် အရမ်းကိုအဆီတွေများပြီးစားလိုက်တဲ့အခါ ကစီဓာတ်တွေကလူ့ခန္ဓာကိုယ်မှာ အန္တရာယ်ဖြစ်လာစေပါတယ်။ ဝိတ်တက်တာ၊ နှလုံးအဆီဖုံးတာ၊

null

ဆီးချိုတက်တာ အစရှိတဲ့ရောဂါတွေက ကစီဓာတ်တွေများတာကြောင့်ဖြစ်လာရတာမျိုးပါနော်... ဆိုတော့ ထမင်းကိုမီးမွှေးပြီး ငှဲ့ချက်ဖို့လည်းအချိန်မပေးနိုင်ဘူး ကစီနည်းအောင်လည်းချက်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် ဒီနေ့မှာတော့ ပေါင်းအိုးနဲ့ပဲ ထမင်းကို အဆီဓာတ်နည်းအောင်ချက်လို့ရတဲ့နည်းလမ်းလေးကိုဝေမျှပေးချင်ပါတယ်...

ထမင်းအိုးကိုပုံမှန်အတိုင်းပဲ တည်နေကြပုံစံအတိုင်း တည်ထားပါ။(ရေလေးလက်တစ်စစ်လောက်ပိုထည့်ထားပါ)

null

ထမင်းကျက်ခံနီးဖြစ်လာပြီး ရေအနည်းငယ် ကျန်တဲ့အခါ အိုးထဲကထမင်းတွေကို ဇကာနဲ့စစ်ချထားလိုက်ပါ....(ဒီလိုလုပ်ပေးလိုက်တာကြောင့်ထမင်းအိုးထဲက ကစီဓာတ်တွေက လျော့နည်းသွားမှာအသေချာပါပဲ)

ပြီးရင်ပေါင်းအိုးထဲမှာပြန်ထည့်ပြီး၁၀မိနစ်လောက်နပ်ထားလိုက်ပါ....

null


အခုဆိုရင်တော့
ကျန်းမာရေးနဲ့လည်းညီညွတ် ကစီဓာတ်နည်းပြီး အချိန်လည်းအများကြီးမကုန်အလုပ်လည်းသိပ်မရှုပ်တဲ့ ထမင်းလေးကို စားသုံးလို့ရပါပြီနော်...

 

null

null

Source from owncreation

Photos Credit from Google

Read More
Loading...
Loading...