ရှယ်ပင်လယ်စာ ထမင်းကြော် ကြော်စားကြရအောင်... - TrueID

ရှယ်ပင်လယ်စာ ထမင်းကြော် ကြော်စားကြရအောင်...

September 8, 2022

ဘယ်ဆိုင်ရောက်ရောက်ထမင်းကြော် ပဲမှာတဲ့ သူတွေလက်ထောင်....

ထမင်းကြော်ဆိုရင် ဘယ်လိုထမင်းကြော်ဖြစ်ဖြစ် စားမှာပဲဆိုတဲ့သူတွေက သက်သက်ကိုရှိပါတယ်နော်...

null

ဒီတစ်ခေါက် ဆိုင်ကြီးတွေမှာ ရောင်းသလို အနံ့မွှေးမွှေးလေးနဲ့ စားလို့ကောင်းတဲ့ ပူပူနွေးနွေး ပင်လယ်စာထမင်းကြော်လေး ကြော်စားကြည့်ကြမလား?... ဒါဆိုရင်တော့ အခုပဲ အတူတူ လိုက်ကြော်ကြည့်လိုက်ရအောင်နော်...

 

null

 

ပါဝင်ပစ္စည်များ

_ ပုစွန်၊ ကင်းမွန်၊ ရေဘဝဲ၊ ကြက်ဉ

_ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပြောင်းဖူး၊ မုန်လာဥနီ၊ပဲသီး သို့ရွှေပဲသီး၊ သီဟိုစေ့၊ စပျစ်ခြောက်

_ အရသာမှုန့်၊ သကြား၊ငံပြာရည်၊ တရုတ်နံနံ၊ တရုတ်မဆလာ ၊ငရုတ်ကောင်းမှုန့် ထောပတ်၊ ဆီအနည်းငယ်၊ ရေအနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

null

()  ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပြောင်းဖူး၊ မုန်လာဥနီ၊ပဲသီး သို့ရွှေပဲသီး၊ သီဟိုစေ့၊ စပျစ်ခြောက် များကို ထည့်ကြော်လို့ရတဲ့အနေအထားအထိ လှီးချွတ်ထားပါ။

() ပင်လယ်စာများကို သေချာဆေးကြောထားပြီး အရသာမှုန့်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ နှပ်ထားပေးပါ။

() ဆီအနည်းငယ်ကို အပူပေးပြီး ထောပတ်တစ်ကော်ထည့်ပါ။ ပြီးရင် အရွက်တွေကို အရင်ကြော်ပါ။ ကြော်တဲ့ထဲကို အရသာမှုန့်အနည်းငယ် ထည့်ပြီးရေအနည်းငယ်ထည့်ပြီး ခဏထားပေးပါ(အဖုံးအုပ်ရင်အရွက်တွေနွမ်းသွားနိုင်တာမလို့ အကြာကြီးမအုပ်ထားပါနဲ့နော်)

() ထမင်းကို သကြားအနည်းငယ်၊အရသာမှုန့်အနည်းငယ်၊တရုတ်မဆလာအနည်းငယ်နဲ့ နယ်ပြီး နှပ်ထားပါ

() အရွက်တွေနူးလာရင် ပင်လယ်စာတွေကိုထည့်ပြီးနူးအောင်ချက်ပါ။

 

null

() ပင်လယ်စာတွေက အနူးမြန်တာမလို့ ကျက်သွားပြီဆိုရင် အပေါ်ကနေ နှပ်ထားတဲ့ ထမင်းကို ထည့်ပြီး ရောသမမွှေပါ။ (ဆီမနည်းဖို့တော့လိုပါတယ်) ဆီနည်းရင်ထမင်းတွေက ပျော့ပြီး ထမင်းကြော်ကောင်းကောင်းလေးရတော့မှာမဟုတ်ပါဘူးနော်...

null

() ကဲအားလုံးအရသာဘာညာ အကုန်ကောင်းသွားပြီးအဆင်ပြေသွားရင်တော့နောက်ဆုံးမှာ ကြက်ဥဖောက်ထည့်မွှေပြီး အပေါ်ကနေ တရုတ်နံနံလေးအုပ်လိုက်ပါ။

ဒါဆိုရင်တော့သိပ်ကိုအရသာရှိတဲ့ ဆိုင်ကြော် ပင်လယ်စာထမင်းကြော်လေးကိုရရှိပါပြီရှင်...

 

null

အရမ်းစားကောင်းလို့အိမ်မှလိုက်လုပ်စားကြည့်ကြဦးနော်

Source from Own creation

Photos credit from Google

Read More
Loading...
Loading...