ဓညင်းသီးစားလို့ အဆိပ်တောက်ဖြစ်မယ် ရောဂါဖြစ်မယ်ဆိုတာ မျိုးတွေ မကြာခဏကြားဖူမှာပါ…ဟုတ်ပါတယ်ဓညင်းသီးက ခန္ဓာကိုယ်အတွက် ဘာမှအကျိုးမပြုတဲ့အပြင် စားဖန်များလာတဲ့အခါ ကျောက်ကပ်နဲ့ကိုယ်တွင်း ကလီစာတွေကိုပါ ပျက်စီးသွားစေနိုင်ပါတယ်နော်…
ဆိုတော့ ဓညင်းသီးကို အဆိပ်နည်းပြီး စားလိုက်တိုင်း ကျန်းမာရေးထိခိုက်တာမျိုးမဖြစ်အောင် ဘယ်လို လုပ်စားကြမလဲ?....
အရင်ဆုံးလိုအပ်တာတွေက ဓညင်းသီး၊ ဆား၊ ကန်စွန်းရွက်၊ ထန်းလျက် အညို၊ နာနတ်သီး အခွံ
ပြုလုပ်ပုံအဆင့်ဆင့်
ဓညင်းသီးအစိမ်းကို ရေနွေးပွက်ပွက်ဆူနေတဲ့အိုးထဲမှာ ရေမြုတ်အောင်ထည့်ပြုတ်ပါ။ ပြုတ်ထားတဲ့ထဲကို ထန်းလျက်အညို ၆လုံးနဲ့ ဆား ထမင်းစားဇွန်း ၂ဇွန်း ခန့် ထည့်ပြုတ်ပါ။
ဓညင်းသီးများ အခွံကျွတ်တော့မယ့်အနေထားထိ နူးပြီးဆိုရင် ပထမတစ်ရေကိုသွန်ပြီး ဓညင်းသီးများကို အခွံနွှာပေးပါ။
အခွံနွှာထားတဲ့ ဓညင်းသီးတွေကို နောက်ထပ်တစ်ရည်ထပ်ပြုတ်ပါ။ ပြုတ်တဲ့ထဲကို ပထမတုန်းကလိုပဲ ထန်းညက်အနည်းငယ်ထည့်ပြီး ဈေးက နာနတ်သီးသည်ဆီကနေ နာနတ်သီးအခွံများကို ဝယ်ကာ ထည့်ပြုတ်ပါ။’
ဒီတစ်ရေမှာ ဓညင်းသီးလေးက နူးအိပြီးစေးပိုင်ပိုင်လေးဖြစ်လာရင်တော့ စားလို့အိုကေပါပြီနော်…
အရသာလည်းရှိ ဒီတိုင်းပဲစားစား ချက်ပဲစားစား အဆင်သင့်ဖြစ်နေတဲ့အနေထားမလို့ အိမ်မှာလိုက်လုပ်ကြည့်ကြဦးနော်… တန်ဆေးလွန်ဘေးဆိုသလို ဘယ်အရာကိုမှ နေ့စဉ်တရားလွန်စားသုံးတာ မကောင်းလို့ ဓညင်းသီးကိုနေ့စဉ်မစားသုံးဖို့တော့ အကြံပေးပါရစေ