ပဲပြား ချဉ်စပ်ဆီပြန် - TrueID

ပဲပြား ချဉ်စပ်ဆီပြန်

October 3, 2022

ဝါတွင်းကာလလည်းရောက်တော့မှာဆိုတော့ သားသတ်လွတ်တွေ စစားကြပြီပေါ့နော်... သားသတ်လွတ်ဟင်းလျာတွေဆိုတာ စားကောင်းအောင်ချက်တတ်မယ်ဆိုရင် အသားဟင်းတွေထက်တောင် တခါတလေမှာ ပိုအရသာရှိတာမလို့ ဒီနေ့မှာတော့ အရမ်းကို စားလို့ကောင်းပြီး ထမင်းမြိန်စေတဲ့သားသတ်လွတ်ဟင်းလေး တစ်မျိုးကို ပြောပြသွားပါမယ်...

 

null

ပဲပြား ချဉ်စပ်ဆီပြန်

ပဲပြားဆိုရင် တော်တော်များများက ပဲပင်ပေါက်နဲ့ကြော်စားတာမျိုး အသုပ်တွေထဲမှာ ထည့်စားတာမျိုး နဲ့သုပ်စားတာမျိုးလောက်ပဲ လုပ်စားတတ်ကြပါတယ်။ အသားလေးနဲ့တူတဲ့ပဲပြားဟာ ဟင်းချက်ပြီးစားမယ်ဆိုရင်လည်း သိပ်ကို အရသာရှိတယ်ဆိုတာကို လူတွေသိပ်မသိကြသေးပါဘူးနော်... ဆိုတော့ ဒီတစ်ခေါက်မှာ ပဲပြားကို ဘယ်လိုဂန္တဝင်ဆန်ဆန် အသားဟင်းလေးတစ်ခွက်လို ချက်စားကြမလဲ? ဆက်ဖတ်ကြည့်လိုက်ရအောင်...

ပါဝင်ပစ္စည်းများ...

null

_ပဲပြား၊ နနွင်း၊ ဆား ၊ငရုတ်သီးဟင်းချက်မှုန့် မဆလာ၊ ဆီအနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ဂျင်း

null

အရင်ဆုံး ပဲပြားအတုံးကို ဈေးကနေဝယ်ပြီး အတုံးလေးတွေ တုံးကာ ဆားအနည်းငယ် ၊နနွင်းအနည်းငယ်နယ်ကာဆီပူပူထဲထည့်ကြော်ပါ။ ရွှေအိုရောင်သမ်းလာပြီဆိုရင်တော့ ဖယ်ထုတ်ထားပါ။ အကြော်ဆီများထဲက ဟင်းချက်ဖို့ဆီအချို့ကို ချန်ပြီးကျန်တဲ့ဆီတွေကို ခပ်ထားပါ။

null

ကဲ ဟင်းစချက်ပါမယ်... ဆီအိုးထဲကို ငရုတ်သီးဟင်းချက်မှုန့် များထည့်ကာဆီချက်ပါ။ ဆီအနံ့ပျောက်သွားရင်တော့ ကြက်သွန်နီကြက်သွန်ဖြူ နဲ့ဂျင်းများကို ထောင်းပြီး ဆီသပ်ပါ။ အစိမ်းနံ့ပျောက်သွားရင်တော့ ပဲပြားများကိုထည့်ပြီးမွှေပါ။ အရသာအတွက် ဆားနည်းနည်းထည့်ပါ။ အပေါ်ကနေ မဆလာလေးအုပ်လိုက်ပါ။ ဒါဆိုရင်တော့သိပ်ကိုအရသာရှိတဲ့ ပဲပြားဆီပြန်ဟင်းရရှိပါပြီရှင်...

null

 

 

Source from Sl(own creation)

Photos credit from Google

 

Read More
Loading...
Loading...