ခေါက်ဆွဲကြော်တို့၊ ထမင်းကြော်တို့ဆိုရင် စားသောက်ဆိုင်တွေ၊ ဘီယာဆိုင်တွေမှာ ရောင်းတဲ့ဟာ မှ စားလို့ကောင်းတယ်လို့ လူတွေကထင်ကြပါတယ်။ တကယ်တော့ ကြော်နည်းသိရင် ဆိုင်အရသာအတိုင်း စားလို့ကောင်းအောင်ကြော်လို့ရပါတယ်နော်... ဒါကြောင့်ဆီမသန့်တဲ့ အပြင်စာတွေကိုလည်းမစားချင်ဘူး... ခေါက်ကြော်ကောင်းကောင်းလေးကိုလည်းမိသားစုနဲ့ အိမ်မှာပဲ စားချင်ပါတယ်ဆိုတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာတော့ သိပ်ကို စားလို့ကောင်းပြီးအရသာရှိတဲ့ အိမ်ကြော်ခေါက်ဆွဲကြော်နည်းလေးကို ပြောပြပေးသွားပါမယ်နော်...
ကဲ... အတူတူ လိုက်ကြော်ကြည့်ရအောင်...
လိုအပ်သော ပစ္စည်းများ...
_ခေါက်ဆွဲ
_ ကြက်သား(သို့)ကြက်သဲမြစ်(သို့) ပုစွန်နဲ့ပင်လယ်စာ (သို့)ဝက်သား၊ ကြက်ဥ
_ဂေါ်ဖီ၊ မုန်လာဥနီ၊ ပဲတောင်ရှည်၊ တရုတ်နံနံ ၊ ကြက်သွန်နီ
_ ဆီ၊ ရေအနည်းငယ်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊သကြား၊ရှာလကာရည်၊ ငရုတ်သီးစိမ်း
_ အရသာမှုန့်၊ တရုတ်မဆလာ၊ ငရုတ်ကောင်းအနည်းငယ်
ပြုလုပ်ချက်ပုံအဆင့်ဆင့်...
_ ကိုယ်ထည့်ချင်တဲ့အသားစိမ်းများကိုရေသေချာဆေးပြီး အတုံးလေးတွေလှီးထားပါ။ပြီးရင်တော့ အရသာမှုန့်နဲ့ငရုတ်ကောင်းအနည်းငယ်ထည့်ပြီးနယ်ထားပေးပါ။
_ ဂေါ်ဖီ၊ မုန်လာဥနီ၊ ပဲတောင့်ရှည်များကို ရေသေချာဆေးပြီး လှီးထားပေးပါ၊ အချဉ်လုပ်ဖို့ ကြက်သွန်နီ၂လုံးလောက်ကိုလည်း ပါးပါးလှီးထားပါ။
_ကြက်ဥလေးတွေကိုလည်းမွှေကြော်ထားပေးဦးနော်
_ ဆိုင်ကဝယ်လာတဲ့ဂျုံခေါက်ဆွဲလေးများကို ရေနွေးအနည်းငယ်ဖြောပေးပါ(ဒါမှလည်းစားတဲ့အခါဆိုဒါနံ့တွေနဲ့ဂျုံနံ့မထွက်ပဲ ပိုပြီးစားလို့ကောင်းမှာပါနော်)
_ ရေဖြောပြီးသားခေါက်ဆွဲလေးတွေကို အရသာမှုန့်အနည်းငယ်၊ပဲငံပြာရည်အကြည်အနည်းငယ်၊ပဲငံပြာရည်အနောက်အနည်းငယ်ထည့်ပြီး ၁၀ မိနစ်လောက်နှပ်ထားလိုက်ပါ။
_ပြီးရင်တော့ ဆီအိုးကို ဆီအနည်းငယ်ထည့်ကာ ဆီပူလာရင် နှပ်ထားတဲ့ခေါက်ဆွဲများကို ဆီအနည်းငယ်နဲ့အရင်လုံးကြော်လိုက်ပါ။ ခဏလောက် ကြော်ပြီး ရင်တော့ ပန်းကန်း တစ်လုံးထဲ ပြန်ခပ်ထားလိုက်ပါ(ခေါက်ဆွဲလေးတင်းသွားပြီးအရသာရှိအောင် ခဏနှပ်ကြော်ကြော်လိုက်တာဖြစ်ပါတယ်နော်)
ကဲ အခုဆိုရင်တော့ စကြော်ဖို့ စတင်ပါပြီ...
_ ဆီအိုးထဲကို ဆီထည့်ကာ အသားများစတင်ကြော်ပါ(မနူးမှာဆိုးရင်ရေအနည်းငယ်သုံးပါနော်)
_ အသားများနူးလာခံနီးမှာ အရွက်များကိုထည့်ပါ
_အသားနဲ့အရွက်များထဲကို အရသာမှုန့်၊ ပဲငံပြာရည်အနောက်၊ သကြားအနည်းငယ် နဲ့တရုတ်မဆလာအနည်းငယ်ထည့်ကာ နူးနူးလေးဖြစ်အောင် ကြော်ပါနော်
_ နောက်ဆုံးမှာတော့ စောနကကြော်လုံး လုံးထားတဲ့ခေါက်ဆွဲများပါထည့်ကာ ရောသမမွှေပါ
_အရသာမြည်းကြည့်ပြီးအနေတော်ဆိုရင် အပေါ်ကနေ တရုတ်နံနံများကို ဖြူးလိုက်ပါ...(ကြက်ဥမွှေကြော်လေးတွေလည်း ထည့်ဖြူးပေးလိုက်ဦးနော်)
ကြက်သွန်ပါးပါးလှီးထားတဲ့ထဲကို ရှာလကာရည်နဲ့ငရုတ်သီးစိမ်းလေးထည့်လိုက်ရင် ကြက်သွန်ချဉ်လေးရတာမလို့အအီပြေအောင် ဒီလိုလေးတွဲစားနော်...
ဒါဆိုရင်တော့သိပ်ကိုစားလို့ကောင်းတဲ့ အိမ်ကြော်ခေါက်ဆွဲကြော်လေးကိုရရှိပါပြီနော်... ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး သိပ်ကိုစားကောင်းတဲ့ကြော်နည်းလေးမလို့အိမ်မှာလုပ်စားကြည့်ကြဦးနော်...
Source from own creation
photos credit from google