ဝက်သားလေးကိုမှ ပုန်းရည်ကြီး အရသာစိမ့်စိမ့်လေးနဲ့ တွဲစားလိုက်ရရင်ဖြင့် ဘယ်လောက်တောင်အရသာရှိလိမ့်မလဲနော်...
ဝက်သားဆိုရင် အကောင်လိုက်မောင်းသွင်းချင်ပါတယ်ဆိုတဲ့ သူတွေအတွက် ဒီတစ်ခေါက်မှာတော့ လူတိုင်းကြိုက်ကြမယ့် ဝက်ပုန်းရည်အချိုချက် ချက်နည်းလေးကိုဝေမျှပေးချင်ပါတယ်နော်... အရမ်းကိုကောင်းပြီး ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်မို့ ဝက်သားကြိုက်တယ်ဆိုရင်တော့ လုပ်စားကြည့်ကြဦးနော်...
ပါဝင်ပစ္စည်းများ
_ ဝက်သား၊ ပုန်းရည်ကြီးထုတ်၊ ဆီ၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့်၊ ငရုတ်သီးဟင်းချက်မှုန့်၊ပဲငံပြာရည်အကြည်၊ အရသာမှုန့် ၊ရေအနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ဝက်သားများကိုရေစင်အောင်ဆေးပြီး ပဲအရသာမှုန့်၊ပဲငံပြာရည်အကြည် ၊နနွင်းမှုန့်နဲ့ရောနယ်ပြီး ၁၅မိနစ်လောက်နှပ်ထားပါ
(၂) ဆီအိုးထဲကို ဆီထည့်ထားပြီး ကြက်သွန်ဖြူ၊နီ နဲ့ဂျင်းထောင်းထားသည်များကို ထည့်ကာ ဆီသပ်ပါ။ ဆီသပ်တဲ့ထဲကို ငရုတ်သီးဟင်းချက်မှုန့်အနည်းငယ်ထည့်ပါ။
(၃) ငရုတ်သီးအနံ့ပျောက်သွားပြီးဆီသပ်တာကျက်သွားပြီဆိုရင်တော့ ပုန်းရည်ကြီးအနှစ်ကို ဖောက်ထည့်ပါ။အနှစ်ထဲမှာအရသာရှိအောင် ငံပြာရည်အနည်းငယ်နဲ့အရသာမှုန့်တို့ကို ထည့်ပါ။ ပြီးရင်တော့ နှပ်ထားတဲ့ဝက်သားများကို ထည့်မွှေကာ အပေါ်ကနေရေမြုပ်အောင် လောင်းထည့်ကာ နူးအောင်အဖုံးပိတ်ထားလိုက်ပါ။
မိနစ်၂၀ ကျော်လောက်ကြာရင်တော့ သိပ်ကိုအရသာရှိပြီးနူးအိစိမ့်ဝင်နေတဲ့ ဝက်ပုန်းရည်အချိုချက်လေးကိုရရှိပါပြီနော်...
ပုန်းရည်ကြီးအနှစ်လေးကို ထမင်းလေးနဲ့နယ်စားလိုက်ရင်အနည်းဆုံးတော့ ၂ပန်းကန်လောက်ဝင်မှာမလို့ လုပ်စားကြည့်ကြဦးနော်...
Source from Own creation
Photos credit from Google