မုန့်လက်ကောက်ဆိုရင်သိပ်ကြိုုက်ကြတဲ့သူတွေရှိလား? မြန်မာတွေရဲ့ပါးစပ်ကိုက ဒီလို ကောက်ညှင်းတို့၊ဆန်တို့နဲ့လုပ်ထားတဲ့မုန့်လေးတွေဆိုရင်သိပ်ကို ခံတွင်းတွေ့ကြတာပါပဲနော် ။
ဆိုတော့ ဒီတစ်ခေါက်မှာ မြန်မာမုန့်လေးဖြစ်တဲ့ မုန့်လက်ကောက်ကြော် ပူပူအိအိလေးကို ထန်းညက်ရေ လေးနဲ့လုပ်စားကြည့်ရအောင်နော်...
ပါဝင်ပစ္စည်းများ
ယိုးဒယားကောက်ညှင်းမှုန့် ၊ ဆားအနည်းငယ်၊ ထန်းညက်စစ်စစ်၊ ရေအနည်းငယ်၊ ဆီအနည်ငယ်
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ယိုးဒယားကောက်ညှင်းမှုန့်များကို လိုသလောက်ယူပြီး ဆားအနည်းငယ်၊ ရေအနည်းငယ်ထည့်ကာ နှယ်ပါ။
အားပြင်းပြင်းနဲ့ ရိုက်လိုက်နည်းလိုက်လုပ်မှ လိုချင်တဲ့ အနေထားကိုရောက်နိုင်မှာဖြစ်ပါတယ်။ (သတိထားရမှာက ရေတွေအများကြီး မထည့်မိဖို့ပါပဲ) ရေများရင် ကောက်ညှင်းမှုန့်တွေ ခွဲထွက်စေတာကို သတိရပါ။
နည်းနည်းမာမာလေးစားချင်ရင်တော့ ကောက်ညှင်းမှုန့်ထဲကို ဆန်မှုန့် နည်းနည်းထည့်ပေးလိုက်ပါနော်။
(၂) ကောက်ညှင်းက အနေတော်ရပြီဆိုရင် ကိုယ်လိုချင်သလောက် အနေထား ဖြစ်တဲ့ အဝိုင်းလေးတွေလုပ်ထားပေးပါ
(၃) မီးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပွက်ပွက်ဆူလာတဲ့အခါ အရောင်လှစေဖို့ နနွင်းအနည်းငယ်ထည့်ပါ။ နနွင်းနံ့ ပျောက်သွားရင်တော့ လုပ်ထားတဲ့ မုန့်များကိုထည့်ကာ ကြော်ပါ။ ရွှေဝါရောင်သန်းပြီးဖောင်ဖောင်းလေးနဲ့ယွတက်လာရင်တော့ ဒယ်အိုးထဲကနေ ဆီစစ်ပြီး ဇကာထဲမှာဆီထည့်ထားပါ။
(၄) ထန်းညက်ကြိုဖို့ အတွက် ဒယ်အိုးထဲမှာ ရေနည်းနည်းနဲ့ထန်းညက်အစစ်များထည့်ပါ(ကြံသကာများမသုံးရ) ၊ ထန်းညက်ရေနည်းနည်းနဲ့ ကြိုပြီးတဲ့အခါ ဇကာလေးနဲ့ သဲစင်အောင်စစ်ထာပါ။ ဇကာနဲ့စစ်ပြီးတဲ့အခါ အိုးထဲကို ဆီနည်းနည်းလေးထည့်ပြီး စစ်ထားတဲ့ထန်းညက်ရည်များကို တဇီးကျတဲ့အထိ ကြိုပေးပါ။
ခရမ်လို ေစးေစး ပိုင်ပိုင်လေးနဲ့ အနေထားမျိုးရောက်ရင်တော့ ချလို့ရပါပြီနော်...
ကဲ အရသာလည်းရှိစားလို့လည်းကောင်းတဲ့ မုန့်လက်ကောက်ကြော်ပူပူအိအိလေးကို အိမ်မှာလုပ်စားကြည့်ကြဦးနော်
Source from sl(own creation)
Photos credit from google