ဝါတွင်းကာလလည်းရောက်တော့မှာဆိုတော့ သားသတ်လွတ်တွေ စစားကြပြီပေါ့နော်... သားသတ်လွတ်ဟင်းလျာတွေဆိုတာ စားကောင်းအောင်ချက်တတ်မယ်ဆိုရင် အသားဟင်းတွေထက်တောင် တခါတလေမှာ ပိုအရသာရှိတာမလို့ ဒီနေ့မှာတော့ အရမ်းကို စားလို့ကောင်းပြီး ထမင်းမြိန်စေတဲ့သားသတ်လွတ်ဟင်းလေး တစ်မျိုးကို ပြောပြသွားပါမယ်...
ချက်ရတာ လွယ်ပြီး စားလို့ကောင်းလို့ ဒီဝါတွင်းမှာချက်စားကြည့်ကြဦးနော်...
အာလူးကတ်သလိတ်ကြော်
အာလူးဆိုရင် လူတိုင်းက မငြင်းပဲ စားမိကြမယ့် အရာပါ။ အာလူးကို မကြိုက်တဲ့သူရယ်လို့ သိပ်မရှိသလို အာလူးနဲ့ပတ်သတ်တဲ့ ရင် ဘာလုပ်လုပ်စားလို့ကောင်းနေတာချည်းပါပဲ။ ဒါကြောင့်အရမ်းစားလို့ကောင်းတဲ့ အာလူးကတ်သလိတ်ကြော်လေးကိုလည်း လူတိုင်းကြိုက်ကြမှာပါ။ ကဲ အတူတူလိုက်ချက်ကြည့်ရအောင်...
ပါဝင်ပစ္စည်းများ...
_အာလူး၊ ကြက်သွန်နီ၊ ဆား၊မဆလာ၊ ငရုတ်ကောင်းမှုန့်၊ ဆီ
လုပ်နည်းလေးကတော့ အာလူးကို ပြုတ်၊ ကြက်သွန်နီကိုပါးပါးလှီး၊ အာလူးနဲ့ရောပြီးထောင်းပေးပါ၊ အာလူးရောကြက်သွန်ရော စေးပိုင်သွားရင် မဆလာအနည်းငယ် ၊ ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီးအားပါးတရနယ်လိုက်ပါ။ ပြီးရင်တော့ဆီပူပူမှာကြော်ပြီး ရွှေဝါရောင်သမ်းလာတဲ့အခါ စားလို့ရပါပြီ။ ထမင်းပူပူလေးနဲ့စားလို့ကောင်းတာမလို့ ချက်စားကြည့်ကြဦးနော်...
Source from Sl(own creation)
Photos credit from Google