ငုံးဉကို အစာပြေအနေနဲ့ပဲ အပျော်တမ်းစားကြပေမယ့် ဟင်းချက်စားလို့ရတယ်ဆိုတာကိုတော့ ဘယ်သူမှသတိမထားမိကြပါဘူးနော်... ငုံးဥလေးကို ဟင်းအနေနဲ့ ဆီပြန်လေးချက်စားမယ်ဆိုရင် အရမ်းစားလို့ကောင်းတာမလို့ ဒီတစ်ခါ ဘာဟင်းချက်စားရမလဲ ဆိုပြီးတွေးနေတဲ့သူတွေအတွက် ငုံးဥဆီပြန်ဟင်းချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်နော် ... အရမ်းကောင်းပြီး ထမင်းမြိန်လို့ အတူတူလိုက်ချက်စားကြည့်ရအောင်နော်...
ပါဝင်ပစ္စည်းများ
_ ငုံးဥ ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း ၊ ဟင်းချက်မှုန့်၊ မဆလာ ၊ နနွင်း၊ ကြက်သားမှုန့်၊ ရှမ်းနံနံ၊ ငရုတ်သီးစိမ်း
_ ရေအနည်းငယ်၊ ဟင်းရွက်ဆီ
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ငုံးဥများကို ပြုတ်ထားပါ။ ကျက်ပြီးသားငုံးဥများကို ရေအေးစိမ်ထားပြီး အခွံနွှာထားပါ။ နွှာပြီးသားဥလေးတွေကိုသွားကြားထိုးတံနဲ့ အရာလေးတွေပေးထားပါ။
(၂) ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းများကို ညက်အောင်ထောင်းပြီး ဆီသပ်ပါ။ ဟင်းချက်မှုန့် ထည့်ပါ၊ နနွင်းအနည်းငယ်ထည့်ပါ။ဆီသပ်တဲ့ထဲကို ကြက်သွန်များအနူးလွယ်အောင်ရေ အနည်းငယ်ထည့်ပါ။
(၃) ဆီသပ်တာကျက်သွားရင်တော့ ငုံးဥများကိုထည့်ပြီး မဆလာ အနည်းငယ်၊ အရသာမှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်ထည့်ပြီး အုပ်ထားပါ။
(၄) ဆီပြန်လာရင်တော့ငရုတ်သီးစိမ်းညှပ်ထည့်ပြီး ရှမ်းနံနံကို အုပ်လိုက်ပါ။
ကဲ ဒါဆိုရင်တော့အရမ်းစားလို့ကောင်းတဲ့ ငုံးဥဆီပြန်ချက်လေးကိုရရှိပါပြီရှင်.... အရမ်းစားလို့ကောင်းလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်...
Source from Own creation
Photos credit from Google