ဘာဟင်းချက်တတ်လဲမေးလို့ ကြက်ဥကောင်းကောင်းကြော်တတ်တယ်လို့ ပြောရင် အထင်မသေးပါနဲ့... ကြက်ဥဆိုတာလည်း Version မျိုးစုံနဲ့ ဆန်းသစ်တီထွင်တတ်လေ အရသာကောင်းလေပါပဲနော်...
တစ်ခါတလေ အသားဟင်း ငါးဟင်းတွေစားရတာ ရိုးအီလာပြီး အချိန်ကုန်သက်သာတဲ့ ဟင်းလေးပဲစားချင်တယ်ဆိုရင်တော့ ထမင်းကို ကြက်ဥကြော်ပူပူလေးနဲ့စားကြည့်လိုက်ပါနော်...
ကြက်ဥကြော်ပဲ ဘာခက်လို့လဲလို့ ထင်နိုင်ပေမယ့် မကြော်တတ်ရင် အရသာမရှိတာမျိုးဖြစ်နိုင်တာမလို့ ဒီတစ်ခေါက်မှာ ရှယ်ကြက်ဥမွှေကြော်လုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်...
ပါဝင်ပစ္စည်းများ
_ ကြက်ဥ သုံးလုံး
_ ခရမ်းချဉ်သီးတစ်လုံး ၊ နံနံပင် အနည်းငယ်၊ ကြက်သွန်နီ တစ်လုံး၊ ငရုတ်သီးစိမ်း၂တောင့်
_ဆီ၊ ကြက်သားမှုန့်၊ ငံပြာရည်အနည်းငယ်၊ မဆလာ
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ကြက်ဥများကို ခွဲထားပြီး ပန်းကန်လုံးထဲထည့်ထားပါ
(၂) ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီးနဲ့ နံနံပင်တို့ကို ပါးပါးလေးတွေလှီးထားပါ
ပြီးရင် ကြက်ဥတွေနဲ့ရောပါ။ ရောတဲ့ထဲကို ကြက်သားမှုန့်အနည်းငယ်နဲ့ငံပြာရည်အနည်းငယ်ထည့်ပါ။
(၃) နောက်ဆုံးမှာ ဆီပူပူလေးထဲကို ကြက်ဥနဲ့အစာတွေကို ထည့်ပြီး ကြေနေအောင်မွှေပါ ။ မွှေနေရင်းနဲ့ မဆလာအနည်းငယ်ကိုထည့်ပေးပါ။
(သတိထားရမှာက ကြက်ဥကအကျက်မြန်ပြီး ကျန်တဲ့အစာတွေက အကျက်နှေးတာမလို့ ကြက်ဥကို အရမ်းကျက်တာကြီးမကြိုက်ပဲပျော့ပျော့်လေးစားချင်ရင် အစာတွေအားလုံးနူးပြီးမှသာကြက်ဥကို လောင်းထည့်ပါနော်...
ကဲ... အခုဆိုရင်တော့ မဆလာနံ့သင်းသင်းလေးနဲ့ အရသာရှိတဲ့ ရှယ်ကြက်ဥမွှေကြော်လေးကိုရရှိပါပြီ။ အရမ်းလွယ်ပြီးထမင်းမြိန်လို့ လုပ်စားကြည့်ကြဦးနော်...
Source from Own creation
Photo credit from Google