မြန်မာတွေက သင်္ကြန်ဆိုရင် ရေပတ်ရုံတင်မကပဲ ကုသိုလ်ကောင်းမှုတွေကိုပါ လုပ်တတ်ကြတာ သဘာဝပါနော်... ဒီလိုကုသိုလ်တွေများထဲကမှ သဒ္ဓါတတရားထက်သန်စွာနဲ့ အမြဲပြုလုပ်နေကြကုသိုလ်တစ်ခုကတော့ စတုဒီသာကုသိုလ်ပါပဲ...
လမ်းတိုင်းလမ်းတိုင်း မြို့နယ်တိုင်းမြို့နယ်တိုင်း ရပ်ကွက်တိုင်းရပ်ကွက်တိုင်းမှာ သင်္ကြန်အတွင်းစတုဒီသာ ကျွေးကြတာဟာ ရိုးရာတစ်ခုလိုဖြစ်နေပါပြီ... အများအားဖြင့် ကြက်သားနဲ့ပဲ၊ ကြက်ကာလသားချက် ၊ ဘဲဥပဲကုလားဟင်း နဲ့ သင်္ကြန်ထမင်းတို့ကို အများဆုံးကျွေးလေ့ရှိပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ စတုဒီသာရဲ့ အငွေ့အသက်လေးကို ခံစားရစေပြီး ထမင်းမြိန်စေတဲ့ ဘဲဥပဲကုလားဟင်းချက်နည်းလေးကိုပြောပြပေးသွားပါမယ်နော်... အရမ်းစားလို့ကောင်းပြီး ထမင်းမြိန်စေတာမလို့ လိုက်ချက်စားကြည့်ကြဦးနော်...
လိုအပ်သောပစ္စည်းများ...
_ဘဲဥ
_ကုလားပဲ
_ကြက်သွန်နီ၊ရုံးပဓေသီး၊ အာလူး၊ ခရမ်းသီး
_ မဆလာ ၊ ငံပြာရည်၊ အရသာမှုန့်၊ ဆီ၊ ရေ ၊ ငရုတ်သီးဟင်းချက်မှုန့်
ပြုလုပ်ပုံအဆင့်ဆင့်...
(၁) ဘဲဥကို အရင်ဆုံး ရေနွေးပူပူထဲမှာ ကျက်အောင်ပြုတ်ပါ...ပြီးရင်တော့ ရေအေးခဏစိမ်ထားပြီး အခွံလေးတွေနွှာထားလို့ရပါပြီ။ အာလူး၊ ခရမ်းသီး၊ ရုံးပဓေသီးများကို လှီးထားပါ။
(၂) ကုလားပဲကို မချက်ခင်တစ်ည အလိုထဲက ရေအေးစိမ်ထားပါ။ မနက်ရောက်ရင်တော့ ရေနွေးအိုးထဲမှာ ညကရေစိမ်ထားတဲ့ကုလားပဲများကို ထည့်ပါ။ အစိပျောက်သွားပြီး ကုလားပဲများ နူးအိနေတဲ့အထိ မွှေပေးဖို့လိုပါတယ်နော်။
(၃) ပဲကျက်လာရင်တော့ ငံပြာရည်အနည်းငယ်၊ အရသာမှုန့်အနည်းငယ်ထည့်ကာ လှီးထားတဲ့ ခရမ်းသီး၊ အာလူး၊ရုံးပဓေသီးများကို ထည့်ကာ အသီးများနူးလာသည်အထိ ချက်ပါ။ ပြီးရင်တော့ အိုးတစ်အိုးထဲမှာကြက်သွန်နီနဲ့ငရုတ်သီး ဟင်းချက်မှုန့်ကို ဆီသပ်ပါ။ ဆီသပ်ထားတဲ့ဆီအနှစ်ကိုပဲရည်ထဲကို လောင်းထည့်ပေးပါ
(၄) အသီးများလည်းနူးလာပြီ ပဲဟင်းရဲ့အနံ့နဲ့ အရသာလည်းကောင်းလာပြီဆိုရင်တော့ ပြုတ်ထားတဲ့ဘဲဥများကိုသွားကြားထိုးတံအရာလေးတွေပေးပြီး အလုံးလိုက်ထည့်လို့ရပါပြီ(ခြမ်းထည့်မယ်ဆိုရင်တော့သွားကြားထိုးတံအရာလေးပေးဖို့မလိုဘူးနော်)
(၅) နောက်ဆုံးမှာတော့အမွှေးအနံ့အရသာအတွက် မဆလာလေးကို ဖြူးပေးလိုက်ပါ...(လူကြီးတွေသွေးတိုးနိုင်တာမလို့ သိပ်အများကြီးတော့မသုံးပါနဲ့နော်)
ကဲ... အရမ်းထမင်စားမြိန်မယ့်ဟင်းလေးမလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်...
Source from Own creation
Photo credit from google