ထမင်းမြိန်တဲ့ ဗမာကြက်သားကြော်သုပ်… - TrueID

ထမင်းမြိန်တဲ့ ဗမာကြက်သားကြော်သုပ်…

May 23, 2023

ကြက်သားကို ဟင်းချက်လိုက်ကြော်လိုက်ပဲလုပ်နေတော့မှာလား?.... အရသာအသစ်ဆန်းလေးလည်းဖြစ် လုပ်ရတာလည်း လွယ်ကူတဲ့ ဗမာကြက်သားကြော် သုပ်နည်းလေးကို‌ ပြောပြပေးပါမယ်နော် အရမ်းစားလို့ကောင်းပြီး ထမင်းလည်းမြိန်လို့ အိမ်မှာလုပ်စားကြဦးနော် ..

null

ပါဝင်ပစ္စည်းများ

ဗမာ ကြက်သား၊ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်း ၊ ဆီချက် ၊ ငံပြာရည်၊ အရသာမှုန့် ၊ ဂေါ်ဖီ ၊ သံပုရာသီး 

 ပြုလုပ်ပုံအဆင့်ဆင့်

null

ကြက်သားများကို ရေသေချာဆေးပြီးအရသာမှုန့် နဲ့ဆားအနည်းငယ်ထည့်ကာ ဆီပူပူထဲမှာ ကြော်ပါ

ကြက်သားကြော်နေစဉ် ကြက်သွန်၊ ဂေါ်ဖီ၊ နံနံပင်နဲ့ ငရုတ်သီးစိမ်းများကို ပါးပါးလေးလှီးချွတ်ထားပေးပါ။

ကြက်သွန်နီ များကို ဆီချက်ချက်ထားပါ။

null

ကြက်သားကြော် က ပူပူကြွပ်ကြွပ်လေးနဲ့ရွှေဝါရောင်သမ်းလာရင်တော့ အိုးထဲကနေ ချလိုက်လို့ရပါပြီ

ကြက်သားကြော်များကို နည်းနည်းအေးအောင်စောင့်ပြီး ဇလုံးထဲမှာ အသားများနွှင်ပါ။ လှီးချွတ်ထားတဲ့အရွက်များထည့်ပါ။ အရသာမှုန့်နဲ့ငံပြာရည်ကို ထည့်ပါ။ အချဉ်အတွက်သံပုရာသီးနဲ့ ရှောက်သီးကြိုက်နှစ်သက်ရာကိုသုံးပါ။ အစပ်အတွက် ငရုတ်သီးစိမ်းများကို ညှပ်ထည့်ပါ ။

null

ဒါဆိုရင်တော့အနံမွှေးမွှေးနဲ့အရသာရှိတဲ့ကြက်ကြော်သုပ်လေးရပါပြီနော် ။ ဗမာကြက်ကအသားနည်းတယ်ထင်ရင် မွေးမြူရေးကြက်သုံးလည်းရပါတယ်နော်

အားလုံးပဲ ထမင်းမြိန်မယ့်ဟင်းတစ်ခွက်ကို ဖန်တီးနိုင်ကြပါစေ

Read More
Loading...
Loading...