ပင်လယ်စာကို အရမ်းကြိုက်တဲ့ ပင်လယ်ပျော်လေးတွေရှိကြလား?... ပင်လယ်စာတွေက စားလို့သာကောင်းတာချက်ပြီးသားကိုဆိုင်တွေမှာဝယ်စားရင် ဈေးကြီးကြတာများပါတယ်နော်... ဒါကြောင့် ပင်လယ်ဗန်းကြီးကို အဖွဲ့လိုက်ရှယ်တွယ်ချင်တယ်... Budget လည်း သက်သာချင်တယ်ဆိုတဲ့သူတွေအတွက် ဒီနေ့မှာတော့ သိပ်ကို အရသာရှိပြီး အဖွဲ့လိုက်ရှယ်စားလို့ရမယ့် ရှူးရှဲပင်လယ်စာ အစုံဗန်းကြီး ကို အတူတူလိုက်လုပ်ကြည့်ရအောင်နော်...
ပါဝင်ပစ္စည်းများ ....
(၁) ကိုယ်ကြိုက်နှစ်သက်ရာ ပင်လယ်စာ အစုံ ၁သောင်းဖိုး
(၂) ပြောင်းဖူ နှစ်ဖူး ၊ အပ်မှို
(၃) အရသာမှုန့်၊ ရှမ်းနံနံ၊ မဆလာ၊ ဆီ၊ ကြက်သွန်နီ၊ ငရုတ်သီးဟင်းချက်မှုန့် ၊ရေအနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ပင်လယ်စာများကို သေချာသန့်စင် ပြီး အရသာမှုန့်၊ မဆလာအနည်းငယ် နဲ့ နှံ့အောင်နယ်ပြီးနှပ်ထားပေးပါ။
(၂) ဆီအပူထဲကို ကြက်သွန်နီနဲ့ ငရုတ်သီးဟင်းချက်မှုန့်ကို ဆီသပ်ပြီး ငရုတ်သီးအနံ့ပျောက်တဲ့အချိန်အထိစောင့်ပါ
(၃) ပြီးရင်တော့ ပင်လယ်စာများနဲ့ပြုတ်ထားတဲ့ ပြောင်းဖူးများနဲ့ အပ်မှိုများ ကိုပိုင်းထည့်ပြီး ရေ အနည်းငယ်ထည့်ကာ အုပ်ထားပါ
(၄) နူးလာပြီဆိုရင်တော့ အပေါ်ကနေမဆလာလေးနည်းနည်း ငံပြာရည်လေးနည်းနည်း၊အရသာလေးမှုန့်လေးနည်းနည်း ထည့်ပြီး ရှမ်းနံနံလေးအုပ်လိုက်ပါ။
ကဲ ဒါဆိုရင်တော့ သိပ်ကိုအရသာရှိပြီး စားလို့ကောင်းတဲ့ ပင်လယ်စာ အစုံချက်လေးကိုရရှိပါပြီရှင်...
အရမ်းတန်ပြီးစားလို့ကောင်းလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်...
Source from Own creation
Photos credit from Facebook