အိမ်လုပ်ဒန်ပေါက်ချက်စားကြမယ် … - TrueID

အိမ်လုပ်ဒန်ပေါက်ချက်စားကြမယ် …

May 16, 2023

ဒန်ပေါက်ကို ဆိုင်ကနေဝယ်မစားချင်ဘူး အိမ်မှာပဲ ချက်စားချင်တယ်ဆိုတဲ့သူတွေအတွက် အရသာရှိပြီလွယ်ကူတဲ့ ဒန်ပေါက် ချက်နည်းလေးကို ဝေမျှပေးလိုက်ပါမယ်နော်…

အတူတူ လိုက်ချက်ကြည့်ရအောင်…

null

ကြက်သားဟင်း၊ ထမင်း၊  ဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,အရောင်
ဒါလေး တွေသာ အဓိကထားပြီး လုပ်ဖို့ လိုပါတယ်နော်…

ဆိုတော့ ဘာတွေစပြီးပြင်ဆင်ကြမလဲ?

ပြင်ဆင်ထားရန်


ကြက်သားကို
 အချိုမှုန့်,ဆား
 ဂျင်းထောင်း, ကြက်သွန်ဖြူထောင်း,
 ဒံပေါက်မဆလာ, ဆနွင်း,အရောင်တင်မှုန့်
 ဒိန်ချဉ်
အားလုံးထည့်နယ်၍ ရေခဲသေတ္တာထဲ တစ်ည နှပ်ထားပါ။
အချိန်မရလျှင် တစ်နာရီနှပ်ထားပါ။

null


ကြက်သွန်နီ ဆီချက်သတ်ထား၍ ဆီချက်ဖပ်တွေက်ို
( ဆား,သကြား,အချိုမှုန့်,ဒံပေါက်မဆလာ )နဲ့နယ်ထားပါ။

အရောင် မန်ကျည်းစေ့ခန့်ကို ရေနဲနဲရောထားပါ။
များလွန်းရင် အရောင်တောက်တောက်ကြီးဖြစ်သွားပါတယ်။

null



ပေါ်ဆန်းမွှေးနဲ့ ချက်ပါ။
အချို့က ဆီချက်ကို အရသာမနယ်ပါဘူး။
ကျမကတော့ အရသာနယ်ပါတယ်။
ဒါမှ အနှစ်လေးတွေစားတဲ့အခါ အရသာရှိနေမှာပါ။

ကဲ ဒါဆို စချက်ကြရအောင်

၁။ ကြက်သားဟင်း ချက်ရန်
ဒယ်အိုးထဲကို ကြက်သွန်နီ ဆီသတ်ဆီ,ဂီးထောပတ်ရည်
ဆတူ ထည့်၍ ဆီဆူလာလျှင်
နှပ်ထားသောကြက်သား နှင့် ဆီချက်ဖပ်ကို ထည့်လုံးပါ။
ကြက်သားကို 90% နူးအောင်ချက်၍ အဖုံးအုပ်ထားပါ။

null



၂။ ထမင်းချက်ရန်
ထမင်းပေါင်းအိုးနဲ့ ချက်လျှင်
 ဆား နဲ့ သကြားထည့်ပါ။
 လေးညှင်း,ဖာလာ,သစ်ဂျပိုး,ကရဝေးရွက်
ရေဆေးပီး အားလုံး တခါတည်း ရောထည့်၍ ချက်လိုက်ပါ။
ထမင်းအိုး နွှေးခလုတ်တက်သွားတာနဲ့ တပြိုင်နက်
ကြက်သားဟင်းပေါ် ထမင်းတွေသွန်ချလိုက်ပါ။

( သို့မဟုတ် )

ထမင်း ရေငှဲ့ချက်လျှင် ရေထဲကို ဆန်ထည့်ပီး
 ဆား နဲ့ သကြားထည့်ပါ။
 လေးညှင်း,ဖာလာ,သစ်ဂျပိုး,ကရဝေးရွက်
ရေဆေးပီး အားလုံး တခါတည်း ရောထည့်လိုက်ပါ။
ထမင်း ၈၀% ခန့်ကျက်ရင် ဇကာနဲ့ရေစစ်ပီး
ကြက်သားဟင်းပေါ် ထမင်းတွေသွန်ချလိုက်ပါ။

null

 

၃။ ဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,အရောင်ထည့်ရန်
ဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,အရောင်တို့ကို
ထမင်းပေါ် တင်အုပ်လိုက်ပီး ထောပတ်ဆီ ဇွန်းကြီးတစ်ဇွန်းထည့်၍အဖုံးပြန်အုပ်ထားလိုက်ပီး မီးအေးအေးနဲ့၃၅ မိနစ်ခန့်မီးဖိုပေါ်တင်နှပ်ထားပီးရင်တော့အလွယ်ဆုံးနဲ့ အရသာအရှိဆုံး ဒံပေါက်ထမင်းကို စားသုံးနိုင်ပါပြီနော်…

 

ဒီနည်းလေက ချက်ဖူတဲ့သူတွေရေးထားတဲ့ နည်းနာလေးမလို့ အတူတူ လွယ်ကူပြီး တကယ်လည်းအရသာရှိမယ်လို့ မျှော်လင့်ပါတယ်… ကဲ အခု ပဲမိသားစုနဲ့အတူ ဒန်ပေါက်ချက်စားကြည့်ရအောင်



Read More
Loading...
Loading...