သုံးထပ်သား ကြွပ်ကြွပ်လေး ကြော်နည်း… - TrueID

သုံးထပ်သား ကြွပ်ကြွပ်လေး ကြော်နည်း…

May 16, 2023

အသားမှာဆို အရသာအရှိဆုံးနဲ့လူကြိုက်များဆုံး အသားဆိုရင်ဝက်သားပါပဲနော်… ဝက်သားထဲမှာ မှ သုံးထပ်သားဆိုရင် ပိုပြီးကြိုက်လေ့ရှိကြပါတယ်။ ဒီတစ်ခေါက်မှာ ဝက်သုံးထပ်သား ကို ရိုးရိုးမကြော်ပဲ  အပေါ် အခေါက်သားကြွပ်ကြွပ်လေးနဲ့စားလို့ကောင်းတဲ့ ရောင်းတန်းဝင်ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

null

တရုတ်တန်းတွေမှာ ရောင်းလေ့ရှိတဲ့ သုံးထပ်သားကြော်နည်းကို အိမ်မှာလုပ်စားကြည့်ရအောင်နော်…

ပါဝင်ပစ္စည်းများ

null

ဝက်သုံးထပ်သား၊ ရှာလကာရည်၊ သကြား၊ ဆားအနည်းငယ်၊ ငှက်ပျော်ရွက် ၊ ပဲငံပြာရည်အကြည် ၊ ဆီအနည်းငယ်၊ အရသာမှုန့်

 

ပြုလုပ်ပုံအဆင့်ဆင့်

 (၁) ရေနွေးဆူအောင်တည်ထားပါ။ သကြားအနည်းငယ်နဲ့ ပဲငံပြာရည်(အကြည်)ထည့်ပြီး ၀က်သား ၃ထပ်သားကို ၅မိနစ်ခန့် ပြုတ်ပါ။

null

(၂) ၀က်သားကို ဆယ်ယူပြီး အခေါက်ဘက်ကို ဇွန်းခရင်းဖြင့် နေရာအနှံ့ကို ထိုးဆွထားပါ။

 

(၃) ရှာလကာရေ၊ ဆားအနည်းငယ်တို့ကို အခေါက်ထဲစိမ့်၀င်နေအောင် ပွတ်လိမ်းပေးထားပါ။

null

(၄) ငှက်ပျောရွက် သို့ ဖက်ရွက်ပေါ်တင်ပြီး နေပူထဲ ၅မိနစ်ခန့် လှန်းထားပေးပါ။

 

(၅) အခေါက်ပေါ်ကနေ အသားအထိ ၃ကြောင်းခန့် ဓါးဖြင့်လှီးထားပါ။ အကုန်မပြတ်စေပဲ ထက်၀က်သာ လှီးပါ။

null

(၆) ဆီကို ပူနေအောင်တည်ထားပြီးမှ ၃ထပ်သားကို ထည့်ကြော်ပါ။ အပေါ်အောက် အကျက်ညီအောင် လှန်ပေးပါ။

null

(၇) အနေတော်လေးကျက်ရင် ဆယ်ပြီး အအေးခံထားပြီးမှ ကိုယ်လိုသလောက်အတုံးလေးနဲ့ လှီးဖြတ်ပြီး သုံးဆောင်လို့ ရပါပြီ။

ကဲအရမ်းစားလို့ကောင်းလို့လုပ်စားဦးနော်…

Crd orginal

 

Read More
Loading...
Loading...