စားလိုက်တာနဲ့ အဆီတွေဝုန်းကနဲ ကျသွားစေမယ့်ဟင်းများ... - TrueID

စားလိုက်တာနဲ့ အဆီတွေဝုန်းကနဲ ကျသွားစေမယ့်ဟင်းများ...

September 8, 2022

လူတိုင်းက နေ့စဉ်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အစားစာတွေကို စားရင်းနဲ့ မလိုအပ်တဲ့အဆီတွေပါ ရောတက်လာကြပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ဝိတ်လည်းအရမ်းမတက်၊ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး စားလို့ကောင်းတဲ့ဟင်းလေးတွေကို ဝေမျှပေးသွားပါမယ်နော်...

null

ဗိုက်လည်းပြည့်၊ ကျန်းလည်းမာ၊ လှလည်းလှစေဖို့ ဒါလေးတွေကို အတူတူလိုက်ချက်စားကြည့်လိုက်ရအောင်...

() ဂဏန်း သောက်ဆမ်း

null

ဂဏန်းက ကယ်လိုရီ နည်းစေတဲ့ ပင်လယ်စာတစ်မျိုးပါ။ ဂဏန်းကို ရေလုံပြုတ်ပြီး ကြက်သွန်ဖြူနီလေးနဲ့ငရုတ်သီးလေးညှက်ထည့်ပြီး ချက်မယ်ဆိုရင် အရမ်းလည်းသောက်လို့ကောင်းသလို ဝိတ်လည်း ကျစေပါတယ်နော်....

() ကြက်ရင်ပုံသားပြုတ်သုပ်

null

ကြက်သားထဲမှာမှ ရင်ပုံဟာ အဆီအနည်းဆုံးပါ။ ဒါကြောင့် ကြက်သားလေးကို ပြုတ်ပြီး သုပ်စားမယ်ဆိုရင် အဆီလည်းနည်းသလို ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်နော်။

() ပုစွန်ခေါင်းပြုတ်ရခိုင်သုပ်

null

ပုစွန်ကပုံမှန်ဆိုရင် အဆီများတဲ့အစားစာပေမယ့် ပုစွန်ခေါင်း ကို ဖယ်ထုတ်လိုက်ပြီးသုပ်မယ်ဆိုရင်တော့အရမ်းလည်းစားလို့ကောင်းသလို အဆီမတတ်ပါဘူးနော်။

() ကြက်သားဂေါ်ဖီစွပ်ပြုတ်

null

ကြက်သားအရိုးအရင်းကို ပြုတ်ပြီး ဂေါ်ဖီကို ခပ်လိုက်ပါ။ ဂေါ်ဖီက Fiber ဖြစ်လို့ အဆီကျစေပြီးကြက်သားပြုတ်ရည်နဲ့အသားက ပရိုတင်းမလို့ ကျန်းမာဝိတ်ကျစေပါတယ်။

() ဒိုရီငါးကင်

null

ဒိုရီငါးက တော့ဈေးထဲတွေမှာသိပ်မရှိပဲသီးသန့်မှာမှရတဲ့ငါးမျိုးပါ။ ဒိုရီဟာ အဆီနည်းပြီး ပရိုတင်းများတဲ့ငါးမလို့Diet လုပ်တဲ့သူတွေနဲ့ အဆီရှောင်တဲ့သူတွေအတွက်အရမ်းကိုအသုံးဝင်ပါတယ်နော်။ ဒါကြောင့်ဒိုရီငါးလေးကို ဆီတွေနဲ့မချက်ပဲကင်စားကြနော်...

 

ကဲ အာဟာရလည်းရှိပြီး စားလို့လည်းကောင်းတဲ့ အဆီနည်းတဲ့ အသားဟင်းလေးတွေမလို့ အိမ်မှာလိုက်ချက်စားကြည့်ကြဦးနော်...

Source from Own Creation

Photos credit from Google

Read More
Loading...
Loading...