ကြွပ်ရွအိစက်တဲ့ကြက်ဥတုံးလေး လုပ်စားမယ်... - TrueID

ကြွပ်ရွအိစက်တဲ့ကြက်ဥတုံးလေး လုပ်စားမယ်...

December 29, 2022

ကြက်ဥကို ကြော်လိုက် ဟင်းချက်လိုက်နဲ့ စားရတာရိုးနေသူတွေအတွက် ဒီတစ်ခေါက်မှာတော့ အပြင်ခွံကြွပ်ကြွပ် ယွယွလေးနဲ့ အထဲသားအိစက်တဲ့ အစာပြေ ကြက်ဥတုံးကြော်နည်းလေးကို ဝေမျှပေးပါမယ်နော်...

အရမ်းစားလို့ကောင်းလို့အိမ်မှာလုပ်စားကြည့်ကြဦးနော်

 

ပါဝင်ပစ္စည်းများ

ကြက်ဥနှစ်လုံး၊ ထောပတ် 50 g၊ ဆားလက်ဖက်ရည်ဇွန်းတဝက်၊ ပြောင်းကော်မှုန့် ၅၀၀ဂရမ်၊ ဆီ

 

null

ပြုလုပ်ပုံအဆင့်ဆင့်

 

null

ဆီအိုးကို ဆီပူပေးထားပါ။

ဇလုံးတစ်လုံးထဲမှာ ကြက်ဥနှစ်လုံး နဲ့အပေါ်က ပြောထားတဲ့ပါဝင်ပစ္စည်းအားလုံးကို ထည့်ပါ။

ပြီးရင် မွှေတဲ့အတံနဲ့ ပျစ်ပျစ်လေး ဖြစ်သွားအောင်အထိ မွှေပါ။

null

ခရမ်လို ပျစ်တဲ့ အနေထားရောက်သွားပြီ ကြွတ်ကြွတ်အိတ် တစ်အိတ်ထဲ ထည့်ပြီး အပေါက်လေးဖောက်ကာ နည်းနည်းချင်းဆီ ဆီအိုးထဲကို ထည့်ပေးပါ။

ရွှေဝါရောင်သမ်းလာရင်တော့ ချလိုက်လို့ရပါပြီနော်...

null

ကဲ အခုဆိုရင်တော့အရသာရှိပြီးစားလို့ကောင်းတဲ့  ကြက်ဥအတုံးကြော်လေးတွေရရှိပါပြီ...

အရမ်းစားကောင်းလို့ အိမ်မှာလုပ်စားကြဦးနော်...

Source from sl(own creation)

Photos credit from google

Read More
Loading...
Loading...