အိပ်ရာနိုးလာလို့မှ နံနက်စာကို ဝအောင်မစားရရင် တစ်နေ့လုံးနေလို့မကောင်းတာ တို့မြန်မာလူမျိုးတွေရဲ့အကျင့်ပါ။
ကျန်းမာရေးအရကြည့်မယ်ဆိုရင်လည်း တကယ်တမ်းမှာ မနက်စာကို ဝဝလင်လင်စားတတ်တဲ့သူတွေက မနက်စာမစားတဲ့သူတွေထက်ပိုပြီးကျန်းမာသက်ရှည်ဥာဏ်ကောင်းတာကိုလည်းလေ့လာတွေ့ရှိရပါသေးတယ်... ဆိုတော့ နံနက်စာကို ဝအောင်လည်းစားချင်တယ် အချိန်လည်းမပေးနိုင်ဘူးဆိုတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာတော့ မြန်မာလူမျိုးတွေအကြိုက် ဖြစ်စေပြီး လုပ်ရတာ အရမ်းကိုလွယ်ကူစေတဲ့ အာဟာရပြည့်နံနက်စာ တစ်နပ်ကိုပြောပြပေးသွားပါမယ်နော်...
ဒါလေးကတော့ ထမင်းဆီဆမ်းပဲပြုတ် ပဲဖြစ်ပါတယ်....
အမလေး ထမင်းဆီဆမ်းပဲပြုတ်နယ်များ ဘာခက်တာမှတ်လို့ လာပြောပြနေတာလဲလို့တွေးကောင်းတွေးနိုင်ပေမယ့် တကယ်တမ်းတော့ အဲ့ဒီထမင်းဆီဆမ်းပဲပြုတ်နယ်ကိုတောင် အရသာရှိရှိ မနယ်တတ်တဲ့သူတွေရှိပါသေးတယ်... ဆိုတော့ မြန်မာပီပီ မြန်မာ breakfast လေးကို လုပ်တတ်ဖို့အတွက် ဒီနေ့မှာ အရသာရှိရှိထမင်းဆီဆမ်ပဲပြုတ်နယ်နည်းလေးကို ဝေမျှပေးချင်ပါတယ်...
(၁) ထမင်းကိုဇလုံတစ်လုံးထဲထည့်ပါ( ဒီနေရာမှာ မနက်ပိုင်းချက်ထားတဲ့ထမင်းပူ မဟုတ်လည်း ညကကျန်တဲ့ထမင်းကြမ်းဆိုရင်တောင် အရသာရှိအောင်နယ်လို့ရတာမလို့ ဘာထမင်းဖြစ်ဖြစ်မသိုးရင်ရပါပြီနော်)
(၂) ဆီအိုးထဲမှာ ဆီကိုကျက်အောင်တည်ပြီး ကြက်သွန်နီ၂လုံးလောက်ကို ဆီချက်မွှေးမွှေးလေး ချက်ထားလိုက်ပါ
(၃) ဆီကျက်လာရင်တော့ ထမင်းနဲ့ပဲပြုတ် ကို ဆီအရည်နဲ့နယ်ပြီး ဆားအနည်းငယ်ထည့်ကာ အရသာစိမ့်ဝင်သွားအောင်နယ်ပေးပါ။
(၄) ပြီးရင်တော့ လက်ကျန်အိုးထဲကဆီနဲ့ကြက်ဥ Half fried လေးတစ်လုံးကြော်လိုက်ပါ။
(၅) နောက်ဆုံးမှာ ထမင်းဆီဆမ်းပဲပြုတ်နယ်ပေါ်ကို ကြက်ဥလေး အုပ်ပြီးအပေါ်ကနေ ချက်ထားတဲ့ကြက်သွန်ကြော် ဆီချက်လေးဖြူးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်ထက်ပိုအရသာရှိပြီးသိပ်ကို ဝမ်းဝစေမယ့် အာဟာရမနက်စာကိုရရှိပါပြီရှင်... အချိန်အားဖြင့်၁၀မိနစ်လောက်ပဲကြာနိုင်တာမလို့
အိမ်မှာလုပ်စားကြည့်ကြပါဉီးနော်....Coffee ကြိုက်တယ်ဆိုရင်တော့ Coffe လေးသောက်ရင်းစားကြည့်ဉီးနော်...
Source from Own creation
photos credit from google