မိခင်ရဲ့အကြွေးကိုဆပ်ဖို့ အချိန်ပိုင်းအလုပ်တွေ မနားတမ်းလုပ်ခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီး Han So-hee - TrueID

မိခင်ရဲ့အကြွေးကိုဆပ်ဖို့ အချိန်ပိုင်းအလုပ်တွေ မနားတမ်းလုပ်ခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီး Han So-hee

March 28, 2022

တောင်ကိုရီးယားမင်းသမီး Han So-hee ဟာဆိုရင် သူမ မအောင်မြင်ခင်က မိခင်ရဲ့ အကြွေးတွေကို ဆပ်နိုင်ဖို့အတွက် အချိန်ပိုင်းအလုပ်တွေ တစ်ပတ်ကို ၆ ရက် ၊ တစ်ရက်ကို ၁၂ နာရီအထိ လုပ်ခဲ့ရတယ်လို့ သိရပါတယ်။ Han So-hee ရဲ့ မိခင်ဖြစ်ခင်ဖြစ်သူဟာ အကြွေး ဝမ်သန်း ၂၀ တင်နေခဲ့တာကြောင့် Han So-hee တစ်ယောက်သူမ  မိခင်ရဲ့ အကြွေးတွေကို ကြေအောင်ဆပ်နိုင်ဖို့ ခက်ခဲလွန်းလှတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

null

Han So-hee ရဲ့ မိခင်ဟာ သူမရဲ့သမီးကို စောင့်ရှောက်မှုမပေးတဲ့အပြင် အကြွေးများကိုလည်း သမီးနာမည်နဲ့ယူထားခဲ့တယ်လို့ သိရပါတယ်။ မိခင်ပြဿနာတတ်တိုင်း ဖြေရှင်းပေးနေရတဲ့ Han So-hee ဟာ အရွယ်ရောက်လာတဲ့အချိန်မှာ နောက်ပြန်မလှည့်ကြည့်ဘဲ မိခင်မသိအောင် ဆိုးလ်ကို ပြောင်းလာခဲ့တယ်လို့ သိရပါတယ်။

null

ဆိုးလ်ကိုပြောင်းလာခဲ့ပေမယ့်လည်း မိခင်က ဖုန်းဆက်ပြီး အကြွေး သန်း ၂၀ တင်နေပြီး ဒုက္ခရောက်နေတယ်လို့ ပြောလာတာကြောင့် Han So-hee တစ်ယောက် မိခင်ရဲ့ အကြွေးတွေဆပ်ပေးဖို့ တစ်နေ့ကို ၁၂ နာရီ မနက် ၆ နာရီကနေ ည၆ နာရီအထိ တစ်ပတ်ကို ၆ ရက် အလုပ်လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

null

အဲဒီအချိန်က Han So-hee တစ်ယောက် အောင်မြင်မှု မရရှိသေးတာကြောင့် ခက်ခဲပင်ပန်းတဲ့ အချိန်ပိုင်းအလုပ်တွေ ကြိုးစားပြီးလုပ်ခဲ့ရတာဖြစ်ပါတယ်။ မိခင်ရဲ့ အကြွေးတွေကို ငြီးငွေလောက်တဲ့အထိ ဆပ်ပေးပြီးတဲ့နောက်မှာတော့ Han So-hee က သူ့မ အမေရဲ့ ပြဿနာတွေကို ထပ်ပြီး မဖြေရှင်းပေးတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

null

အခုလက်ရှိ Han So-hee မင်းသမီးဖြစ်ပြီး အောင်မြင်လာတဲ့ အချိန်မှာလည်း သူမရဲ့ မိခင်က အကြွေးကိစ္စနဲ့ ထပ်ပြီး ပြဿနာ ရှာလိုက်ပြန်ပါပြီ။ အကြောင်းကတော့ Han So-hee ရဲ့ အမေက သမီးဖြစ်သူ Han So-hee ရဲ့ နာမည်ကိုအသုံးပြုပြီး ဘဏ်အကောင့်ဖွင့်ကာ ပိုက်ဆံ ဝမ် ၈၅ သန်း ချေးခဲ့တာပဲဖြစ်ပါတယ်။  Han So-hee ကိုယ်တိုင်လည်း မိခင်ဖြစ်သူရဲ့ လုပ်ရပ်ကို မသိရှိခဲ့ပါဘူး။

null

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Han So-hee က သူမအမေရဲ့ အကြွေးပြဿနာကို ဖြေရှင်းပေးတော့မှာ မဟုတ်ဘူးလို့ ငြင်းထားပါတယ်။ အေဂျင်စီဘက်ကလည်း ဒီပြဿနာက Han So-hee နဲ့ မဆိုင်တဲ့အကြောင်းကို ပြန်လည် ရှင်းလင်းပြောကြားထားပေးပါတယ်။ ပရိသတ်တွေကတော့ Han So-hee ရဲ့ အဖြစ်ကို ဂရုဏာသက် သနားနေကြပြီး သမီးအရင်းနာမည်ကိုတောင် အလွဲသုံးစားလုပ်တတ်တဲ့ Han So-hee ရဲ့ မိခင်ဖြစ်သူကို အပြစ်တင်ဝေဖန်ထားကြပါတယ်။

Source – Kbizoom

Photo - Google

Read More
Loading...
Loading...