ငယ်ရွယ်ပြီးအောင်မြင်မှုရရှိနေတဲ့အချိန်မှာ ကွယ်လွန်သွားခဲ့တဲ့ တောင်ကိုရီးယားမင်းသား Cha In Ha - TrueID

ငယ်ရွယ်ပြီးအောင်မြင်မှုရရှိနေတဲ့အချိန်မှာ ကွယ်လွန်သွားခဲ့တဲ့ တောင်ကိုရီးယားမင်းသား Cha In Ha

March 2, 2022

တောင်ကိုရီးယားမင်းသား Cha In Ha ကို အောင်မြင်မှုတွေရရှိနေတဲ့ “Love with Flaws” ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသနေတဲ့အချိန်တုန်းက နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးရတဲ့အကြောင်းအရင်းနှင့်ပတ်သတ်ပြီးတော့ မိသားစုဝင်တွေအနေနဲ့ရှင်းရှင်းလင်းလင်း အတည်ပြုထုတ်ဖော်ပြောကြားထားတာမျိုးမရှိခဲ့ပေမယ့် လူအများကတော့ Cha In Ha တစ်ယောက်  ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာလို့ သုံးသပ်ထားကြပါတယ်။ Cha In Ha ဟာ ငယ်ရွယ်နေတဲ့အချိန် ၊ အောင်မြင်မှုတွေရရှိနေတဲ့အချိန်မှာ အဆုံးစီရင်ခဲ့တာဖြစ်တာကြောင့် Cha In Ha သေဆုံးမှုနှင့်ပတ်သတ်ပြီး အဖြေရှာမရတဲ့ ပဟေဠိ တွေ အများကြီးရှိနေခဲ့ပါတယ်။

null

Cha In Ha သေဆုံးခဲ့တဲ့အချိန်က ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Cha In Ha သေဆုံးသွားခဲ့တာ ၂ နှစ်တိတိပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ “Love wth flaws” ဇာတ်လမ်းလေးထဲမှာ Cha In Ha ကို လူအများက စတင်သတိထားမိခဲ့ကြတဲ့အချိန်မှာပဲ Cha In Ha ဟာ သေဆုံးခဲ့တာကြောင့် သူ့ရဲ့ သေဆုံးမှုဟာ အရမ်းကိုမြန်ဆန်ပြီး နှမြောဖို့ကောင်းလွန်းလှပါတယ်။

null

null

Cha In Ha ဟာ ၂၀၁၇ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့တဲ့သူဖြစ်ပြီး သူပါဝင်ရိုက်ကူးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွေက Love with flaws The Banker Clean with Passion for Now Are you human too? Wok of Love Temperature of Love နှင့် Idol Fever တို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း တက်လမ်းတွေအများကြီးရှိတဲ့ တက်သစ်စလေးတစ်ယောက်က အခုလို သေဆုံးသွားရတာ တကယ်ကို ထူးဆန်းလွန်းလှတဲ့ ဖြစ်ရပ်ကြီးပါ။ Cha Inha ဟာ ၁၉၉၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး သူသေဆုံးခဲ့ချိန်မှာ အသက်က ၂၇ နှစ်ပဲရှိပါသေးတယ်။ 

Source – Soompi

Image – Soompi , Google Image

null

Read More
Loading...
Loading...