၂၀၂၁ ခုနှစ်ရဲ့ ရုပ်အချောဆုံး တောင်ကိုရီးယားမင်းသား ၁၀ ယောက် - TrueID

၂၀၂၁ ခုနှစ်ရဲ့ ရုပ်အချောဆုံး တောင်ကိုရီးယားမင်းသား ၁၀ ယောက်

March 28, 2022

ဒီတစ်ခေါက်မှာတော့ ကင်ချီမြေက ပရိသတ်တွေရွေးချယ်ထားတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်အချောဆုံး ကိုရီးယားမင်းသား ၁၀ ယောက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီစာရင်းထဲမှာပါဝင်တဲ့ တောင်ကိုရီးယားမင်းသားတွေအားလုံးက ကိုရီးယားအင်တာတိန်းမန့် တစ်ခုဖြစ်တဲ့  Kpopmap မှာ ၂၀၂၁ ခုနှစ်အတွင်း ရုပ်အချောဆုံးအဖြစ်  ပရိသတ်တွေ ရွေးချယ်ထားကြတဲ့သူတွေ ဖြစ်ပါတယ်။  ကိုယ် သဘောကျတဲ့ မင်းသားပါမပါ နဲ့ ပါလာခဲ့ရင်ရော နံပါတ် ဘယ်လောက်မှာလဲဆိုတာ သိရဖို့ ဆက်ပြီး ကြည့်သွားပေးပါနော်။

  1. Ji Chang Wook  

null

 

null

မင်းသား Ji Chang Wook  က ၂၀၀၆ ခုနှစ် သူ့အသက် ၁၉ နှစ်ကစပြီး အနုပညာလောကထဲ ဝင်လာခဲ့တဲ့သူဖြစ်ပါတယ်။ Ji Chang Wook  ရိုက်ကူးခဲ့တဲ့ လူသိအများဆုံး ကိုရီးယားဇာတ်လမ်းတွေက  Healer (2014–2015) ၊ The K2 (2016) ၊ နှင့် Suspicious Partner (2017) တို့ပဲဖြစ်ပါတယ်။  မင်းသာ Ji Chang Wook ဟာ မဲအရေအတွက် 9,204 ခု ရရှိခဲ့ပါတယ်။

  1. Lee Min Ho

null

null

မင်းသား Lee Min Ho ရဲ့ အနုပညာလှုပ်ရှားမှုက ၂၀၀၃ ခုနှစ် သူ့ရဲ့အသက် ၁၆ နှစ်မှာ စတင်ခဲ့ပါတယ်။ Lee Min Ho ရဲ့ နာမည်အကြီးဆုံး ဇာတ်လမ်းတွဲတွေကတော့  The Heirs (2013) ၊ Legend of the Blue Sea (2016) ၊ and The King: Eternal Monarch (2020) တို့ပဲဖြစ်ပါတယ်။ မင်းသား Lee Min Ho  မဲအရေအတွက် 12,604 ခုရရှိခဲ့ပါတယ်။

8. Im Si Wan

null

မင်းသား Im Si Wan ရဲ့ အနုပညာလှုပ်ရှားမှုက ၂၀၁၀ ခုနှစ် သူ့အသက် ၂၂ နှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ Im Si Wan ရဲ့ နာမည်ကြီး ကိုရီးယားဇာတ်လမ်းတွဲတွေကတော့ Moon Embracing The Sun (2012) ၊ Man from the Equator (2012) ၊ နှင့် Misaeng (2014) တို့ပဲဖြစ်ပါတယ်။ မင်းသား Im Si Wan က မဲအရေအတွက် 13,245 ခုရရှိခဲ့ပါတယ်။

7.Cha Eun Woo

null

မင်းသား Cha Eun Woo ရဲ့ အနုပညာလှုပ်ရှားမှုက ၂၀၁၄ ခုနှစ် သူ့အသက် ၁၇ နှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတွေက My ID Is Gangnam Beauty (2018) ၊ Rookie Historian Goo Hae-Ryung (2019) ၊ နှင့် True Beauty (2020–2021) တို့ပဲဖြစ်ပါတယ်။ သူက မဲအရေအတွက်  16,307 ခု ရရှိထားပါတယ်။

6 Kim Young Kwang

null

မင်းသား Kim Young Kwang ရဲ့ အနုပညာလှုပ်ရှားမှုက ၂၀၀၆ ခုနှစ် သူ့အသက် ၁၉ နှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ သူရဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေက Good Doctor (2013) ၊ Pinocchio (2014) ၊ နှင့် On Your Wedding Day (2018) တို့ပဲဖြစ်ပါတယ်။ သူက မဲအရေအတွက် 18,653 ခုရရှိခဲ့ပါတယ်။

5.Hwang In Yeop

null

မင်းသား Hwang In Yeop ရဲ့ အနုပညာလှုပ်ရှားမှုက ၂၀၁၇ ခုနှစ် သူ့အသက် ၂၆ နှစ်မှာ စတင်ခဲ့ပါတယ်။ သူပါဝင်ခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွေက The Tale of Nokdu (2019) ၊ 18 Again (2020) ၊ နှင့် True Beauty (2020-2021) တို့ပဲဖြစ်ပါတယ်။ သူရရှိခဲ့တဲ့ မဲအရေအတွက်က 23,060 ခုပဲဖြစ်ပါတယ်။

4. Yoon Shi Yoon

null

မင်းသား Yoon Shi Yoon ရဲ့ အနုပညာလှုပ်ရှားမှုက ၂၀၀၉ ခုနှစ် သူ့အသက် ၂၃ နှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ သူပါဝင်ခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေက King of Baking ၊ Kim Takgu (2010) ၊ My Cute Guys (2013) နှင့် Hit the Top (2017) တို့ပဲဖြစ်ပါတယ်။

3.Yoo Seung Ho

null

မင်းသား Yoo Seung Ho ရဲ့ အနုပညာလှုပ်ရှားမှုက ၁၉၉၉ ခုနှစ် သူ့အသက် ၆ နှစ်အရွယ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ သူပါဝင်ခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေက My Strange Hero (2006–2019) ၊ The Great Queen Seondeok (2009) နှင့်  I’m Not a Robot (2017–2018) တို့ပဲဖြစ်ပါတယ်။ သူရရှိခဲ့တဲ့ မဲအရေအတွက်က 41,816 ခုပဲဖြစ်ပါတယ်။

2.Kim Min Jae

null

မင်းသား Kim Min Jae ရဲ့ အနုပညာလှုပ်ရှားမှုက ၂၀၁၅ ခုနှစ် သူ့အသက် ၁၉ နှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ သူပါဝင်ခဲ့တဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတွေက Second 20s (2015) ၊ Dr. Romantic (2016) နှင့် The Best Hit (2017) တို့ပဲဖြစ်ပါတယ်။ ရရှိခဲ့တဲ့ မဲအရေအတွက်က 44,755 ခုဖြစ်ပြီး ပရိသတ်ရွေးချယ်ထားတဲ့ ရုပ်အချောဆုံးစာရင်းမှာ နံပါတ် ၂ နေရာကနေ ရပ်တည်နေပါတယ်။

 1.Lee Jong Suk

null

နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့သူကတော့ မင်းသား Lee Jong Suk ပဲဖြစ်ပါတယ်။ မင်းသား Lee Jong Suk အနုပညာလှုပ်ရှားမှု စတင်ခဲ့တဲ့ခုနှစ်က ၂၀၀၅ ခုနှစ် သူ့အသက် ၁၆ နှစ်အရွယ်မှာပဲဖြစ်ပါတယ်။ သူပါဝင်ခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေက Secret Garden (2010) ၊ W: Two Worlds (2016)  နှင့် While You Were Sleeping (2017) တို့ပဲဖြစ်ပါတယ်။ မင်းသား Lee Jong Suk ဟာ ပရိသတ်တွေရွေးချယ်ထားတဲ့ မဲအရေအတွက် 74,694 နှင့်ရုပ်အချောဆုံး တောင်ကိုရီးယားမင်းသားစာရင်းထဲမှာ နံပါတ် ၁ နေရာကနေ  ရပ်တည်နေပါတယ်။

Source – Allkpop

Mage - Google

 

Read More
Loading...
Loading...