IU ရဲ့ ချစ်သူကောင်လေးဖြစ်တဲ့ Lee Jong Suk ဟာဆိုရင် IU ကို အကောင်းဆုံးနည်းလမ်းတွေနဲ့ ထောက်ပံ့မှုတွေ ပေးလို့နေပါတယ်။ တောင်ကိုရီးယား အဆိုတော် ကောင်မလေးနဲ့ IU နဲ့ မင်းသား Lee Jong Suk တို့က တွဲနေခဲ့ကြတာလည်း ၄ လကျော် တောင် ကြာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
Lee Jong Suk က IU ကို အရမ်းချစ်တဲ့သူဖြစ်ပြီး IU အတွက်ဆို လိုလေးသေးမရှိအောင် ထောက်ပံ့မှုတွေ ပေးနေတဲ့သူလည်း ဖြစ်ပါတယ်။
မကြာသေးမီကလည်း Lee Jong Suk ဝတ်ဆင်ထားတဲ့ ဒီဇိုင်းတစ်ခုက လူမှုကွန်ရက်ပေါ်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။ အဆိုပါ ဓာတ်ပုံထဲမှာ Lee Jong Suk က The Golden Hour လို့ခေါ်တဲ့ စာသားပါတဲ့ ဦးထုပ်ကို ဝတ်ဆင်ထားပါတယ်။
အဲဒီ ဦးထုပ်လေးက IU ရဲ့ The Golden Hour ရှိုးပွဲမှာ သီဆိုဖျော်ဖြေခဲ့တဲ့ ဦးထုပ်လေး ဖြစ်ပါတယ်။
အဆိုပါ ဦးထုပ်ကို Lee Jong Suk က တန်ဖိုးထားစွာနဲ့ လက်ရှိ အချိန်အထိ တရိုတသေ ဝတ်ဆင်ထားပါတယ်။ Lee Jong Suk ဉီးထုပ်ဆောင်းထားတဲ့ အဆိုပါ ဓာတ်ပုံလေး ကို Beyond Closet က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။
ချစ်သူကောင်မလေး IU ရဲ့ ထုတ်ကုန် ပစ္စည်းလေးကို ကိုယ်တိုင်ကိုယ်ကျ အားပေး ထောက်ပံ့ပေးခဲ့တဲ့ မင်းသား Lee Jong Suk ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။