လူ ကြွေလွင့်သွားပေမယ့် နာမည်မပျောက်ကွယ်သွားတဲ့ကြယ်ပွင့် လူထုဒေါ်အမာ ဟာ မိသားစုနဲ့ သေကွဲကွဲခဲ့ရတယ်ဆိုတာ သင်သိပါသလား? - TrueID

လူ ကြွေလွင့်သွားပေမယ့် နာမည်မပျောက်ကွယ်သွားတဲ့ကြယ်ပွင့် လူထုဒေါ်အမာ ဟာ မိသားစုနဲ့ သေကွဲကွဲခဲ့ရတယ်ဆိုတာ သင်သိပါသလား?

March 3, 2022

မြန်မာပြည်ဖွား စာရေးဆရာမတစ်ဦးဖြစ်တဲ့ လူထုဒေါ်အမာဟာ စာအရေးအသားထိမိပြီး စာဖတ်သူတွေအတွက် တန်ဖိုးရှိစေနိုင်တဲ့ စာပေတွေကိုရေးသားခဲ့တဲ့အတွက်  စာပေကိုလေးစားချစ်မြတ်နိုးကြတဲ့ ပရိတ်သတ်တွေအကြား နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။သူမကိုတော့ မြန်မာနိုင်ငံရဲ့ အနုပညာမြို့တော်လို့တင်စားရတဲ့ မန္တလေးမြို့တော်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။သူမဟာ (၁၉၃၆) ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဒုတိယ ကျောင်းသား သပိတ်ကြီးတွင် တက်ကြွစွာ ပါဝင် ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။သူမဟာ အိုးဝေ မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘားမား ဂျာနယ် တို့တွင် ဝတ္ထု၊ ဆောင်းပါးများ ရေးသား ခဲ့ပြီး ကြီးပွားရေး မဂ္ဂဇင်းမှာ ကလောင် အမည် ခင်လဝင်း၊ မြမဉ္စူ ကလောင် အမည်များဖြင့် ရေးသား ခဲ့ပါသေးတယ်။ (၁၉၃၈) တွင် မောရစ် ကောလစ် (Maurice Collis) ရဲ့ Trials In Burma စာအုပ်ကို “ မြန်မာပြည်တွင် စစ်ဆေး ခဲ့သော အမှုအခင်းများ ” အမည်ဖြင့် ဆရာကြီး ဦးရာဇတ် ရဲ့ တိုက်တွန်းချက် အရ တက္ကသိုလ် သပိတ်မှောက် ကျောင်းသူ အမာ အမည်ဖြင့် ဘာသာပြန် ထုတ်ဝေ ခဲ့ရာ ယင်း စာအုပ်ဖြင့် စာပေနယ်ပယ်မှာ စတင် ထင်ရှား လာခဲ့တာဖြစ်ပါတယ်။

null

null

သူမ ရေးသားခဲ့တဲ့ စာအုပ်များအနက် ထင်ရှားသော စာအုပ်များမှာ “ မြန်မာပြည်တွင် စစ်ဆေး ခဲ့သော အမှုအခင်းများ (၁၉၃၈)၊ စန္ဒမာလာ (၁၉၄ဝ)၊ ပြည်သူ ချစ်သော အနုပညာသည်များ (၁၉၆၄)၊ ဘဝချင်း မတူသည့် တရုတ်ပြည် (၁၉၆၆)၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး (၁၉၆၇)၊ ရွှေရိုး ဦးဘကလေး (၁၉၆၉)၊ ရွှေမန်း တင်မောင် (၁၉၇ဝ)၊ အငြိမ့် (၁၉၇၃)၊ ရွှေဒေါင်းတောင် ဆောင်းပါးများ (၁၉၇၅)၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်း (၁၉၇၆)၊ အာဖရိက ဝတ္ထုတိုများ (၁၉၈၉)၊ မန္တလေးသူ မန္တလေးသားများ (၁၉၉၁)၊ ထိုင်း ဝတ္ထုတိုများ (၁၉၉၂)၊ ထိုင်း ဝတ္ထုတိုများ (၂) (၁၉၉၃)၊ ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး (၁၉၉၃)၊ သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ (၁၉၉၄)၊ ကျွန်မတို့ ငယ်ငယ်က (၁၉၉၄)၊ အမေ့ ရှေးစကား (၁၉၉၇) ”တို့ ဖြစ်ကြပါတယ်။

null

null

လူထုကချစ်ခင်ရတဲ့ လူထုဒေါ်အမာဟာ (၂ဝဝ၈) ခုနှစ်၊ ဧပြီလ (၇) ရက်နေ့ မြန်မာ စံတော်ချိန် မနက် (၈) နာရီ (၃၇) မိနစ် ခန့်တွင် မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးရဲ့ နှလုံးရောဂါ အထူး ကုသဆောင်မှာ ကွယ်လွန်ခဲ့ပါတယ်။ နိုင်ငံရေးကြောင့် မိသားစု တခုလုံး သေကွဲရော ရှင်ကွဲပါ အကွဲကွဲ အပြားပြား ကြုံတွေ့ ခဲ့ရသော်လည်း လောကဓံ အထု အထောင်းကို ကြံ့ကြံ့ခံကာ နောက်ဆုံး အချိန် အထိ နိုင်ငံရေး လူမှုရေး အရ ပြည်သူ လူထုဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူ လူထု ချစ်တဲ့ စာရေး ဆရာမကြီး တစ်ဦးဆိုလည်း မမှားပါဘူး။နိုဝင်ဘာ(၂၉)ရက်နေ့မှာ သူမသာ အသက်ရှင်နေခဲ့ဦးမယ်ဆို သူမရဲ့ (၁၀၆)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ မီးရှူးတန်ဆောင်ဖြစ်သော ၊ အဖိနှိပ်ခံပြည်သူလူထုဘက်မှ အမြဲတမ်းရပ်တည်ခဲ့သော လူထုကိုယ်စားပြု လူထုဒေါ်အမာကို လွမ်းဆွတ်သောအားဖြင့် ရေးသားဖော်ပြလိုက်ရတာပဲဖြစ်ပါတယ်။

 

Source : Wikipedia

Photo Credit : Google

null

Read More
Loading...
Loading...