၅ နှစ် ၊ ၆ နှစ်ကြာ မလျှော်ရသေးတဲ့ ဘောင်းဘီတွေ ဝတ်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ Kim Ji Hoon - TrueID

၅ နှစ် ၊ ၆ နှစ်ကြာ မလျှော်ရသေးတဲ့ ဘောင်းဘီတွေ ဝတ်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ Kim Ji Hoon

June 5, 2023

တောင်ကိုရီးယားမင်းသား Kim Ji Hoon ဟာဆိုရင် အချိန် ၅ နှစ် ၊ ၆ နှစ်ကြာ မလျှော်ဘဲထားထားတဲ့ ဘောင်းဘီတွေကို ဝတ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာက တောင်ကိုရီးယား ပရိသတ်တွေ အားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။ လူအများကလည်း Kim Ji Hoon ကို များစွာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ နာမည်ကြီး ထိပ်တန်းမင်းသားတစ်ယောက်က အခုလိုမျိုး ဘောင်းဘီတွေကို ၆ နှစ်ကြာ မလျှော်ထားဘူးဆိုတဲ့ လျို့ဝှက်ချက်က တွေးကြည့်ရုံနဲ့ကို ကြက်သီးထဖို့ ကောင်းလွန်းလှပါတယ်။

null

Kim Ji Hoon က လက်ရှိမှာ Love to hate you ဆိုတဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Kim Ji Hoon က ကြည့်လိုက်ရင် သပ်သပ်ရပ်ရပ်နေထိုင်တတ်တဲ့သူလို့ ထင်ရပေမယ့် တကယ်တမ်း လက်တွေ့ဘဝမှာတော့ အံ့ဩဖို့ကောင်းတဲ့ အလေ့အကျင့် ရှိနေတဲ့သူပါ။

null

အဝတ်အစားတွေကို နှစ်ပေါင်းများစွာ မလျှော်ဘဲ ထားထားတဲ့ အကြောင်းကို Kim Ji Hoon က My little old boy အစီအစဉ်မှာ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။ Kim Ji Hoon က သူက ဖက်ရှင်ကို စိတ်ဝင်စားတဲ့သူဖြစ်ကြောင်း၊ အဝတ်အစားတွေကို အရမ်း စိတ်ဓာတ် ပြင်းပြင်းထန်ထန်နဲ့ သဘောကျမိကြောင်း၊ ဒါ ကြောင့် အဝတ်အစားတွေကို ရေနဲ့ လျှော်ရတာက ဖျက်ဆီးမိသလို ခံစားမိတယ်လို့ ဆိုပါတယ်။ Kim Ji Hoon က သူ့ရဲ့အဝတ်အစားတွေကို မကြာခဏ မလျှော်မိစေဖို့ ဆုံးဖြတ်ခဲ့ပြီး စဝယ်တဲ့ အချိန်ကတည်းက မလျှော်ဘူးလို့ ဆိုပါတယ်။

null

အဝတ်အစားပေါ်ကို အစားအသောက် တွေ ကျမိရင်လည်း ချက်ချင်း ဖယ်ဖျက်ပြီး အစွန်း မကျန်အောင် သေချာလုပ်တယ်လို့ ဆိုပါတယ်။ Kim Ji Hoon ရဲ့ ထူးခြားချက်က ခန္ဓာကိုယ် အနံ့ မရှိတာလို့ သိရပါတယ်။ Kim Ji Hoon မှာ ချွေးနံ့မရှိတာကြောင့် သဘာဝအတိုင်း အခြောက်ခံတဲ့ နည်းကို အသုံးပြုလည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။

null

Kim Ji Hoon တစ်ယောက် My little old boy ဇာတ်လမ်းတွဲရိုက်တုန်းကဆိုရင် ၅ နှစ် ၆ နှစ် နီးပါး မလျှော်ထားတဲ့ အဝတ်တွေကို ဝတ်ခဲ့တာလို့ ဆိုပါတယ်။ Kim Ji Hoon  ရဲ့ အဝတ်အစား မလျှော်တဲ့ အလေ့အကျင့်ကို ပရိသတ်တွေ တော်တော်များများကလည်း နားမလည်နိုင်ခဲ့ကြပါဘူး။ ဒါ ပေမယ့်လည်း ၅ နှစ် ၊ ၆ နှစ် အချိန်အထိ အဝတ်မလျှော်ဘဲနေတာကတော့ လက်ခံနိုင်ဖို့မကောင်းတဲ့ ကိစ္စကြီးလို့ ဆိုကြပါတယ်။

null

Kim Ji Hoon ကို တချို့ပရိသတ်တွေက အဝတ်အစားကို မပျက်စီးစေမယ့် အခြောက်ခံတဲ့ နည်းလမ်းကို အသုံးပြုလို့ရပြီး နှစ်ပေါင်းများစွာ အဝတ်မလျှော်ဘဲနဲ့တော့ မထားသင့်ဘူးလို့ ဆိုပါတယ်။ အဝတ်မလျော်တဲ့ ပြဿနာကြောင့် ထင်မြင်ချက် အမျိုးမျိုး အပေးခံနေရတဲ့ တောင်ကိုရီးယား Kim Ji Hoon ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Read More
Loading...
Loading...