ပရိသတ်တွေစောင့်မျှော်နေပေမယ့် ဇာတ်လမ်းတွဲတွေ ထပ်ပြီးမရိုက်တော့တဲ့ မင်းသားကြီးဂျိုဂျင်မို - TrueID

ပရိသတ်တွေစောင့်မျှော်နေပေမယ့် ဇာတ်လမ်းတွဲတွေ ထပ်ပြီးမရိုက်တော့တဲ့ မင်းသားကြီးဂျိုဂျင်မို

August 8, 2023

တောင်ကိုရီးယားမင်းသားကြီး ဂျိုဂျင်မိုဟာဆိုရင် တစ်ခေတ်တစ်ခါက မြန်မာ ပရိသတ်တွေကြားမှာ Empress Ki ဇာတ်လမ်းတွဲနဲ့ လူစိတ်ဝင်စားမှု များစွာ ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ ဂျိုဂျင်မိုက နာမည်ကြီး အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဆိုပေမယ့်လည်း ဖုံးကွယ်လို့ မရတဲ့ နာမည်ပျက်မှု တစ်ခုကြောင့် လက်ရှိ အချိန်အထိ လူမြင် ကွင်းထဲကို မရောက်နိုင်တဲ့သူဖြစ်ပါတယ်။

null

အဆိုပါ ဖြစ်ရပ်က ၂၀၂၀ ခုနှစ်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဂျိုဂျင်မိုဟာဆိုရင် ၂၀၂၀ ခုနှစ်တုန်းက  သူ့ရဲ့ မိုလ်ဘိုင်းဖုန်း အဟက် ခံခဲ့ရပါတယ်။ ဂျိုဂျင်မိုရဲ့ ဖုန်း အဟက်ခံရပြီး မကြာခင်မှာပဲ ဖုန်းထဲက အချက်အလက်တွေ တော်တော်များများ ပေါက်ကြားခဲ့ပါတယ်။ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေထဲမှာ ဂျိုဂျင်မို တစ်ယောက် သူငယ်ချင်းဖြစ်သူနဲ့အတူ အမျိုးသမီးတွေကို အရှက်ရစေမယ့် ရိုင်းစိုင်းတဲ့ ဝေဖန်မှု မှတ်ချက်တွေ ပြုလုပ်ထားတာ ပေါက်ကြားခဲ့ပါတယ်။

null

ဂျိုဂျင်မိုတစ်ယောက် ဘယ်သူနဲ့ အဆိုပါ အကြောင်းအရာတွေကို ဝေမျှခဲ့လဲဆိုတာ မသိပေမယ့် ပရိသတ်တွေကတော့ ဒါရိုက်တာရင်လို့ လူသိများတဲ့ မင်းသားကြီး Jang Dong Geun နဲ့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဂျိုဂျင်မိုက စော်ကားမိခဲ့တဲ့ အမျိုးသမီးတွေနဲ့ ၊ ပရိသတ်တွေကို လူသိရှင်ကြား တောင်းပန်ခဲ့ပါသေးတယ်။

null

ဂျိုဂျင်မိုက ၂၀၁၉ ခုနှစ်မှာ သူ့ရဲ့ချစ်သူ ဆရာဝန်မလေး Min Hye-yeon နဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို ထူထောင်ထားတာဖြစ်ပါတယ်။  ပဋိပက္ခတွေများစွာ ဖြစ်ပြီးတဲ့နောက်မှာ ၂၀၁၉ ခုနှစ်ကစပြီး မင်းသားကြီး ဂျိုဂျင်မိုက အနုပညာ အလုပ်တွေ မလုပ်တော့သလို ဇာတ်လမ်းတွဲတွေထဲလည်း မပါတော့ပါဘူး။ သာမန်သူတစ်ယောက်လိုမျိုး လျို့ဝှက်စွာ နေထိုင်နေတဲ့ ဂျိုဂျင်မိုကို ပရိသတ်တွေက ဇာတ်လမ်းတွဲတွေထဲ ပြန်ပါစေချင်တယ်လို့ တောင်းဆိုထားပေမယ့် ဂျိုဂျင်မိုကတော့ လက်ရှိအချိန်အထိ ရုပ်ရှင်တွေ ပြန်မရိုက်သေးပါဘူး။ နာမည်ဆိုးတစ်ခုကြောင့် အနုပညာ လောကထဲကနေ ပျောက်ချင်းမလှ ပျောက်ကွယ်သွားရတဲ့ တောင်ကိုရီးယားမင်းသားကြီး ဂျိုဂျင်မိုရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

 

 

Read More
Loading...
Loading...