တောင်ကိုရီးယား မင်သား Lee Jong-hyuk ဟာဆိုရင် ပရိသတ်နဲ့ချစ်ကြိုက်ပြီး ၂၀၀၂ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ ရှားရှားပါးပါးမင်းသား တစ်ယောက်ဖြစ်ပါတယ်။ Lee Jong-hyuk ဟာ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ ချစ်ကြိုက်ခဲ့ပြီး ၆ လ အကြာမှာ ပိုက်ဆံ များများစားစား မရှိဘဲ လက်ထပ်ခဲ့တာဖြစ်ပါတယ်။
Lee Jong-hyuk နဲ့ သူ့ဇနီး ဖြစ်သူတို့ရဲ့ အချစ်ဇာတ်လမ်းဟာ လူတိုင်းကို အားကျသွားရလောက်တဲ့ အထိ ချစ်ဖို့ကောင်းလွန်းလှပါတယ်။ ဒီအကြောင်းအရာကို MBC ရဲ့ 'Tteokbokki House, That Oppa' အစီအစဉ်မှာ မင်းသား Lee Jong-hyuk ကထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
Lee Jong-hyuk က အသက် ၂၉ နှစ်အရွယ်မှာ ဘာမှ ပြင်ဆင်ထားတာမျိုးမရှိဘဲ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ လက်ထပ်ခဲ့တာ လို့သိရပါတယ်။ ပိုက်ဆံ မရှိဘဲနဲ့ ဇနီးသည် ဖြစ်သူက ဘယ်လို လက်ထပ်ခဲ့လဲဆိုတဲ့ မေးခွန်းကိုလည်း Lee Jong-hyuk က အခုလို ပြန်ဖြေထားပါတယ်။
“ကျွန်တော့် မိန်းမကို ကျွန်တော့်မှာ ဝမ် ၂ သန်းရှိပဲရှိတယ်။ တကယ်လို့ လက်ထပ်လိုက်မယ်ဆိုရင် ကျွန်တော် သူမကို အဆပေါင်း ၁ ထောင်လောက် ပိုများတဲ့ငွေကြေးတွေ ရှာပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။ တကယ်လို့ မင်းကိုလက်ထပ်လိုက်လို့ သရုပ်ဆောင်အလုပ်ကို ဆက်ပြီး မလုပ်ရဘူးဆိုရင်တောင် ငါအပြင်ထွက် အခြား အလုပ်လုပ်ပြီး မင်းကို တင့်တောင်း တင့်တယ်ထားမှာပါ လို့ပြောခဲ့တာပါလို့ ပြောပြီး လက်ထပ်ခဲ့တာပါ”
တောင်ကိုရီးယားမင်းသား Lee Jong-hyuk ဟာဆိုရင် ပိုက်ဆံ မရှိတဲ့ အချိန် အောင်မြင်မှုတွေ မရသေးတဲ့ အချိန် ၂၀၀၂ ခုနှစ်ကတည်းက ဇနီးဖြစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်ရေး ကံကောင်းခဲ့တယ်လို့ ပြောရမလိုဘဲ Lee Jong-hyuk ဟာ ဇနီးဖြစ်သူနဲ့ လက်ထပ်ပြီးမှ အရင်ကထက်ပိုအောင်မြင်ပြီး ပိုက်ဆံတွေ ပိုရှာနိုင်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားမင်းသား Lee Jong-hyuk ဟာဆိုရင် လက်ရှိမှာ သားလေး နှစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ မင်းသား Lee Jong-hyuk ရဲ့ စိတ်ကူးယဉ်ဆန်လှတဲ့ အိမ်ထောင်ရေး ဇာတ်လမ်းလေး အကြောင်းကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။
Source – Lovekpop95