Anna ဇာတ်လမ်းတွဲမှာအဓိက ဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး Suzy ဟာဆိုရင် ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ်ကာလ သူမရဲ့ အခက်အခဲတွေကို ပြောပြီး ဆု ကြီးနဲ့ လွဲချော်မှာကို ကြောက်မိတဲ့ ခံစားချက်ကိုပါ ဝန်ခံလာခဲ့ပါတယ်။
တောင်ကိုရီးယားမင်းသမီး Suzy ဟာဆိုရင် အိုင်ဒေါလ်ကနေ သရုပ်ဆောင်ဖြစ်လာတဲ့သူဖြစ်ပြီး လက်ရှိမှာ အသက် ၃၀ အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ Suzy က ငယ်ရွယ်စဉ်ကတည်းက ပွဲဦးထွက်လာတဲ့သူဖြစ်တာကြောင့် ပိုပိုရင့်ကျက်ပြီး အသက်မြန်မြန်ကြီးချင်ခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၃၀ နှစ်အရွယ်ရောက်လာတဲ့အချိန်မှာ အသက်ကြီးလာပြီး အရေးအကြောင်းတွေလည်း ပိုပြီး ထင်လာတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ Suzy က အသက်ကြီးလာတာနဲ့အမျှ ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်တယ်လို့လည်း ဆိုပါတယ်။
Suzy က အသက် ၄၀ အရွယ်မဟုတ်သေးပေမယ့် အသက် ၄၀ ကျော် ဇာတ်ကောင်ကို ရအောင် သရုပ်ဆောင်ခဲ့တာလည်း သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုလို ဆိုပါတယ်။ Suzy က ဆုကြီးနဲ့လွဲချော်ခဲ့တဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ခဲ့ပြီး ကိုယ်တိုင်လည်း ယူကြုံးမရ ငိုကြွေးခဲ့ပါတယ်။
သူမဘဝအတွက် အများကြီး ကြိုးစားခဲ့ရပြီး စိန်ခေါ်မှုကြီးတစ်ခုဖြစ်ခဲ့တဲ့ စီးရီးအတွက် အခုလိုမျိုး မျှော်လင့်ထားတာလည်း လုံးဝ အံ့ဩ စရာမရှိပါဘူးနော်။
ကုမ္ပဏီအတွက်ရော ကိုယ်တိုင်အတွက်ပါ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ တောင်ကိုရီးယားမင်းသမီး Suzy ရဲ့အကြောင်းကို စိတ်မကောင်းဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။