လူစိတ်၀င်စားမှုများတဲ့ Blackpink အဖွဲ့၀င် Lisa အကြောင်း - TrueID

လူစိတ်၀င်စားမှုများတဲ့ Blackpink အဖွဲ့၀င် Lisa အကြောင်း

May 19, 2022

Blackpink အဖွဲ့ဝင် Lisa ရဲ့နာမည်အရင်းကတော့ Lalisa Manoban ဖြစ်ပြီး သူမကို ထိုင်းနိုင်ငံ ဘူရီရမ်ပြည်နယ်မှာ ၁၉၉၇ ခုနှစ် မတ်လ ၂၇ ရက်နေ့က မွေးဖွားခဲ့တာပါ။

သူမရဲ့ ငယ်စဥ်က နာမည်ကတော့ ပရန်ပရီယာ မာနိုဘန်ဖြစ်ပြီး နောက်ပိုင်းမှသာ လာလီဆာ မာနိုဘန် လို့ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။

Lisa ဟာငယ်စဥ်ထဲက အကပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သလို သူမရဲ့သူငယ်ချင်းဖြစ်တဲ့ လက်ရှိ Got7 အဖွဲ့ဝင် Bam Bam နဲ့အတူ We Zaa Cool အဖွဲ့မှာ ဝင်ရောက်ကခဲ့ပါသေးတယ်။

null

အဲ့ဒီနောက် Lisa ဟာ ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ YG Entertainment ရဲ့ audition ကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် ၂၀၁၁ ခုနှစ် ဧပြီလမှာ YG ရဲ့ trainee သင်တန်းသူဖြစ်လာခဲ့ပါတယ်။

 Lisa ဟာ YG မှာ trainee ကာလ ငါးနှစ်ဖြတ်သန်းပြီးတဲ့နောက် ၂၀၁၆ ခုနှစ် သြဂုတ်လမှာတော့ Rose,  Jennie,  Jisoo တို့နဲ့အတူ blackpink ဆိုတဲ့ k pop အဖွဲ့တစ်ခုအဖြစ် ပွဲဦးထွက်နိုင်ခဲ့ပါတယ်။

ပွဲဦးထွက်ပီးတာနဲ့ Lisa ပါဝင်တဲ့ blackpink အဖွဲ့ဟာ တဖြေးဖြေးနာမည်ကြီးလာခဲ့ပြီး အခုဆိုရင် ကမ္ဘာကျော်တဲ့ k pop အဖွဲ့တစ်ဖွဲ့ဖြစ်လို့နေပါပြီ။

Lisa ဟာ blackpink အဖွဲ့မှာ main dancer နေရာကိုတာဝန်ယူထားသူဖြစ်ပြီး rap အပိုင်းကို သီဆိုသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Lisa ဟာသူမရဲ့ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် လူချစ်လူခင်ပေါများသလို ကတဲ့နေရာမှာလည်း အရမ်းထူးချွန်တာကြောင့် dancing queen လို့တောင် တင်စားခံရသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် Lisa ဟာ   Thai, korea, English ဘာသာစကားတို့ကို ကျွမ်းကျင်စွာပြောနိုင်သူတစ်ယောက်ဖြစ်ပြီး ဂျပန် နဲ့ တရုတ်ဘာသာစကားတို့ကိုလည်း အနည်းငယ်ပြောနိုင်ပါတယ်။

null

Lisa ဟာ သူမရဲ့ Blackpink အဖွဲ့နဲ့အတူ အောင်မြင်တဲ့ သီချင်းပေါင်းများစွာထွက်ရှိခဲ့သလို သူမရဲ့ single album ဖြစ်တဲ့ Lalisa album ကိုလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာထွက်ရှိခဲ့ပါတယ်။

ဒီ album ထဲမှာပါဝင်တဲ့ Lalisa နဲ့ Money သီချင်းနှစ်ပုဒ်လုံးဟာ US Billboard Hot 100 ထဲမှာဝင်ခဲ့သလို ဆုတွေတော်တော်များများလည်း ရရှိခဲ့တဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။

null

၂၀၂၁ ခုနှစ် အောင်တိုဘာလ ၂၂ ရက်နေ့မှာလည်း Lisa ဟာ Dj Snake, Megan Thee Stallion, Ozuna တို့နဲ့အတူ collabrate လုပ်ထားတဲ့ SG သီချင်းထွက်ရှိခဲ့ပြီး ဒီသီချင်းထဲက Lisa ရဲ့ rap skill တွေ အကတွေကလည်း လူကြိုက်တော်တော်လေးများခဲ့ပါတယ်။

အခုဆိုရင်တော့ Lisa ဟာ လူချစ်လူခင်ပေါ်များတဲ့ ကမ္ဘာကျော် အနုပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်သလို Instagram မှာလည်း followers အများဆုံး k pop idol တစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။မကြာသေးခင်ကာလကလဲ Weibo Starlight Awards 2021  မှာ Popular Artist Of the Year Award ဆုကိုလည်းရရှိထားပါသေးတယ်။

Source From Wikipedia

Photos credit from Pinterest

null

Read More
Loading...
Loading...