တရုတ်ပြည်မှာ ပက်ပက်စက်စက် အမုန်းခံရတဲ့ တောင်ကိုရီးယား အနုပညာရှင်များ - TrueID

တရုတ်ပြည်မှာ ပက်ပက်စက်စက် အမုန်းခံရတဲ့ တောင်ကိုရီးယား အနုပညာရှင်များ

August 1, 2022

တရုတ်လူမျိုးတွေက တစ်ယောက်ယောက်ကို အားပေးရင် အလွန်အမင်း အားပေးကြသလို မုန်းတဲ့ အခါ ကြရင်လည်း အင်မတန်ကို ကြောက်ဖို့ ကောင်းတဲ့ သူတွေ ဖြစ်ပါတယ်။ အဲဒီလိုပဲ တောင်ကိုရီးယား အနုပညာရှင်တွေထဲမှာလည်း တရုတ်ပြည်က ပရိသတ်တွေရဲ့ ပက်ပက်စက်စက် မုန်းတာကို ခံထားရတဲ့ မင်းသား မင်းသမီးတွေ ရှိပါတယ်။ သူတို့တွေကို တစ်ယောက်ချင်း ဖော်ပြပေးသွားပါမယ်နော်။ 

Jang Nara

null

တောင်ကိုရီးယားမင်းသမီး Jang Nara ဟာ ဆိုရင် တရုတ်ပြည်မှာ အရမ်းကို နာမည်ကြီးခဲ့တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။  Jang Nara  ဟာ တရုတ်ပြည်က ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ခေါင်းဆောင်မင်းသမီး အဖြစ် ထည့်သွင်း ရိုက်ကူးရတဲ့ အထိ တရုတ် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ 

null

Jang Nara  ကို တရုတ်ပြည်က ပရိသတ်တွေ စတင်မုန်းတီးခဲ့တဲ့ အချိန်က ၂၀၀၉ ခုနှစ်မှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကအင်တာဗျူးတစ်ခုမှာ Jang Nara  က ကျွန်မ ပိုက်ဆံပျက်လာတိုင်းတရုတ်ပြည်ကိုသွားပြီး ငွေရှာပါတယ် လို့ ပြောခဲ့ပါတယ်။

null

အဲဒီ စကားကြောင့် တရုတ် ပရိသတ်တွေက များစွာ နာကျည်း၊ ဒေါသထွက် ပြီး Jang Nara  ကို boycott ဝိုင်းလုပ်ခဲ့ကြပါတယ်။ Jang Nara  က သူ့ရဲ့ စကား မပြောတတ်တဲ့ အမှားအတွက် ခွင့်လွှတ်ပေးဖို့ တရုတ်ပြည်က ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် လည်း တရုတ် ပြည် က ပရိသတ်တွေက လုံးဝ လက်မခံ ခဲ့ တော့ ပါဘူး။

null

ဒီလိုနဲ့ တောင်ကိုရီးယားမင်းသမီး  Jang Nara  ဟာ တရုတ်ပြည်ကပရိသတ်တွေရဲ့ မုန်းတီးခြင်းကို ခံခဲ့ရတာ ယနေ့အထိပဲ ဖြစ်ပါတယ်။ 

Song Hye Kyo 

null

Song Hye Kyo ဟာ ဆိုရင်လည်း တရုတ်ပြည်မှာ များစွာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ ဒါပေမယ့်လည်းသူမရဲ့အောင်မြင်မှုတွေကြောင့် သူမကို မုန်းတီးတဲ့ သူတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ ဒါကြောင့် Song Hye Kyo  တစ် ယောက် တရုတ်ပြည်သွားရင် မလုံခြုံသလို ခံစားရပြီး ၂၄ နာရီ အပြည့် စောင့်ကြပ်ပေးနေတဲ့ သက်တော်စောင့် ၈ ယောက်နဲ့ ကျည်ကာ ကားကို စီးပြီး သွားရပါတယ်။

null

 ဒါအပြင် တရုတ်ပြည်က သတင်းထောက်တွေနဲ့ တွေ့ဖို့ကိုလည်း ငြင်းတယ်လို့ သိရပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်က ပရိသတ်တွေက Song Hye Kyo  ကို ကို  နာမည်ကြီးရောဂါ ရနေတဲ့ သူလို့ စွပ်စွဲကြပြီး အရမ်းကြီး အားမပေးကြတော့တာ ဖြစ်ပါတယ်။ 

Lee Min Ho

null

နောက်တစ်ယောက်ကတော့ Lee Min Ho ပဲ ဖြစ်ပါတယ်။ Lee Min Ho ဟာ တောင်ကိုရီးယားနိုင်ငံအပြင် အခြားနိုင်ငံတော်တော်များများမှာ ပါ နာမည်ကြီး အောင်မြင်တဲ့ သူဖြစ်ပါတယ်။ နာမည်ကြီးတဲ့ သူပီပီ နိုင်ငံခြားအလုပ် ပရောဂျက်တွေကမ်းလှမ်းရင်  Lee Min Ho ဘက်က တောင်းဆိုချက်တွေအရမ်းများပြီး အနုပညာ ကြေးလည်း အရမ်း မြင့်ပါတယ်။ 

null

ဒါကို တရုတ်ပရိသတ်တွေက သဘောမကျကြပါဘူး။ဒါကြောင့် Lee Min Ho ကိုလည်း တရုတ်ပြည်က သိပ်ပြီး အားမပေးကြဘူးလို့ သိရပါတယ်။

Read More
Loading...
Loading...