ဒရမ်မာဆန်ဆန်ချစ်ကြိုက်ခဲ့ပြီးမှလမ်းခွဲခဲ့တဲ့ F4 ချစ်သူထဲက အိုးမင်းသားလေးနဲ့မင်းသမီး Oh Yeon Seo - TrueID

ဒရမ်မာဆန်ဆန်ချစ်ကြိုက်ခဲ့ပြီးမှလမ်းခွဲခဲ့တဲ့ F4 ချစ်သူထဲက အိုးမင်းသားလေးနဲ့မင်းသမီး Oh Yeon Seo

December 29, 2022

F4 ချစ်သူဇာတ်လမ်းတွဲမှာ အိုးမင်းသားလေးလို နာမည်ကြီးခဲ့တဲ့ မင်းသား Kim Bum ဟာဆိုရင်တောင်ကိုရီးယားမင်းသမီး Oh Yeon Seo နဲ့ ချစ်ကြိုက်ခဲ့ပြီး တရားဝင်တွဲခဲ့တဲ့သူဖြစ်ပါတယ်။

null

သူတိုစုံတွဲလေးက A Korean Odyssey ဇာတ်လမ်းတွဲရိုက်ကူးပြီးတဲ့နောက် ၁ နှစ်နီးပါးအကြာမှာ ချိန်းတွေ့ခဲ့ကြတာဖြစ်တယ်လို သိရပါတယ်။ သူတိုနှစ်ဦးက ချိန်းမတွေ့ခင်မှာ အရမ်းကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး အချင်းချင်း သံယောဇဉ်တွေတိုးကာ ချစ်ကြိုက်ခဲ့ကြတာဖြစ်တယ်လို သိရပါတယ်။

null

Kim Bum နဲ့ Oh Yeon Seo တိုက အချိန် ၁၀ လာကြာသာ တွဲခဲ့ကြပြီး လမ်းခွဲသတင်းကြေညာခဲ့တဲ့ စုံတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေက သူတိုနှစ်ဦးကို အခုအချိန်မှာပြန်ပြီး လက်တွဲစေချင်နေကြပါတယ်။

 

null

Kim Bum က လမ်းခွဲပြီးနောက်မှာ ချက်ချင်း စစ်မှုထမ်းဆောင်ခဲ့တာကြောင့် တချိုပရိသတ်တွေကလည်း စစ်မှုထမ်းဆောင်မှုကြောင့် လမ်းခွဲတာဖြစ်တယ်လို ခန့်မှန်းထားကြပါတယ်။

null

Kim Bum နဲ့ Oh Yeon Seo တိုစုံတွဲလေးက မတ်လ ၂၀၁၈ ခုနှစ်မှာ တရားဝင်တွဲခဲ့ပြီး ချစ်သူများနေ့မတိုင်ခင် ဖေဖော်ဝါရီလ ၂၀၁၉ ခုနှစ်မှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ အိုးမင်းသားလို လူသိများတဲ့ Kim Bum က မင်းသမီး  Oh Yeon Seo ထက် ၂ နှစ်တိတိ ပိုငယ်ပါတယ်။

null

သူငယ်ချင်းကနေ ချစ်သူရည်စားတွေဖြစ်ခဲ့ပြီး လမ်းခွဲခဲ့ကြတဲ့ ပြည်သူ့အချစ်တော် မနဲ့မောင်စုံတွဲလေး Kim Bum နဲ့ Oh Yeon Seo တိုရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Read More
Loading...
Loading...