တောင်ကိုရီးယားမင်းသမီး Park Eun-hye ဟာဆိုရင် လက်ရှိ Alchemy of Souls ဇာတ်လမ်းထဲမှာ ပါဝင်ရိုက်ကူးထားတဲ့သူဖြစ်ပါတယ်။ Park Eun-hye က ၂၀၀၈ ခုနှစ် ဧပြီလတုန်းက ဆိုးလ်မြို့မှာရှိတဲ့ Shilla Hotel မှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Kim Han-sup နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။
Park Eun-hye က ၂၀၁၈ ခုနှစ်မှာ ခင်ပွန်းဖြစ်သူနဲ့ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် ကွာရှင်းခဲ့ပြီဖြစ်တဲ့ အကြောင်းကို တရားဝင် ကြေညာခဲ့ပါတယ်။ Park Eun-hye က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့နောက်မှာ ကလေးပြုစုစောင့်ရှောက်ခွင့်တွေကို ရရှိခဲ့ပြီး ဘဝကြီးကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ သူဖြစ်ပါတယ်။
Park Eun-hye ရဲ့ အမွှာ သားလေးနှစ်ယောက်နာမည်က Kim Jae Wan နဲ့ Kim Jae Ho ဖြစ်ပြီး သူတို့နှစ်ဦးစလုံးကို ၂၀၁၁ ခုနှစ်မှာ မွေးခဲ့တာဖြစ်ပါတယ်။ Park Eun-hye က ကလေး အမေ တစ်ယောက်ဖြစ်သလို ကွာရှင်းပြီးသားသူဖြစ်တာကြောင့် အနုပညာ အလုပ်တွေ ပြန်ပြီး လုပ်ကိုင်တဲ့အချိန်မှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်။
Park Eun-hye က သူမရဲ့ဘဝမှာ အဓိက ဇာတ်ကောင်ဖြစ်ဖို့ အခွင့် အရေးတွေ တစ်ခါမှ မရရှိခဲ့ဖူးပေမယ့်လည်း သူမရဲ့ဇာတ်ပို့သရုပ်ဆောင်အဖြစ် အောင်မြင်မှုတွေကတော့ ဆက်လက်ပြီး တောက်ပနေဆဲပဲ ဖြစ်ပါတယ်။
Park Eun-hye က ၁၉၉၈ ခုနှစ်ကတည်းက အနုပညာ လောကထဲကို ဝင်ရောက်ခဲ့တဲ့သူဖြစ်ပြီး နာမည်အကြီးဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ဇာတ်လမ်းကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dae Jang Geum ဆိုတဲ့ ဇာတ်လမ်းမှာပဲ ဖြစ်ပါတယ်။
Park Eun-hye ပါဝင်ခဲ့တဲ့ နောက်ထပ် နာမည်အကြီးဆုံး ဇာတ်လမ်းတွဲကတော့ မြန်မာပရိသတ်တွေကြားမှာ နန်းတွင်းရတနာလို့ လူသိများတဲ့ ချန်ဂင်ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။
Park Eun-hye ရဲ့ လက်ရှိ အသက်က ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အမွှာသားလေး နှစ်ယောက်ကို နောက်ထပ် အိမ်ထောင်မပြုဘဲ ရဲရဲဝင့်ဝင့် ပြုစုစောင့်ရှောက်ပေးနေတဲ့ သူဖြစ်ပါတယ်။