တောင်ကိုရီးယားမင်းသမီး Park Eun Bin ဟာဆိုရင် လှပချောမောလွန်းပြီး ပြိုင်ဘက်ကင်းလွန်းတဲ့ သူမရဲ့ အလှတရားကို ပရိသတ်တွေကို ပြသခဲ့ပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ Park Eun Bin က နာမည်ကြီး ကာတွန်း ဇာတ်ကောင်ဖြစ်တဲ့ Elsa လိုမျိုး ဂါဝန်လေးကို ဝတ်ဆင်ကာ အမေရိကားမှာရှိတဲ့ Critics Choice Awards ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။
Park Eun Bin ရဲ့ ပြစ်မျိုးမှဲ့မထင် လှပမှုလေးက ပရိသတ်တွေအားလုံးကို အံ့အားသင်သွားစေခဲ့ပြီး တကယ့် နတ်ဘုရားမ တစ်ယောက်လိုမျိုး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ထွက်ရှိလာတဲ့ဓာတ်ပုံထဲမှာ Park Eun Bin က Frozen ကာတွန်းဇာတ်ကားထဲက Elsa ဇာတ်ကောင်လိုမျိုး အပြာရောင် ဂါဝန်လှလှလေးကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။ Extraordinary Attorney Woo ထဲက Park Eun Bin က အခုလိုမျိုး ကာကွန်းဇာတ်ကောင်ပုံစံလေးနဲ့လည်း အတိုင်းထက် အလွန် ချစ်ဖို့ကောင်းလွန်းနေတာကြောင့် ပရိသတ်တွေက များစွာ ချစ်ခင်နေကြပါတယ်။
Critics Choice Awards ဆုပေးပွဲမှာ Park Eun Bin က Best Foreign Language Series စံကာတင်စာရင်းဝင်ခဲ့ပါတယ်။ အဆိုပါ ဆုပေးပွဲကို Park Eun Bin နဲ့ ဒါရိုက်တာ Yoo In Sik တို့လည်း တက်ရောက်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ဆုမရရှိခဲ့ပါဘူး။
တောင်ကိုရီးယားမင်းသမီး Park Eun Bin က လက်ရှိမှာ အသက် ၃၀ နှစ် ရှိနေပြီဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ ထိပ်တန်းမင်းသမီး တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့သူဖြစ်ပါတယ်။