အားလုံးပဲ ၂၀၁၀ ခုနှစ်က လူသိများ အောင်မြင်လာတဲ့ Wanida ဇာတ်လမ်းတွဲမှာ ဝနီဒါအဖြစ်ပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းမင်းသမီးလေး Taksaorn Paksukcharern ကို သတိထားမိကြလား။
ဝနီဒါလို့ လူသိများတဲ့ ထိုင်းမင်းသမီးလေး Taksaorn Paksukcharern ဟာဆိုရင် jam loey rak နဲ့ Wanida ဇာတ်လမ်း တွေနဲ့ အနုပညာလှုပ်ရှားမှု ထက်မှာ လူသိများ အောင်မြင်လာတဲ့ သူဖြစ်ပါတယ်။ Taksaorn Paksukcharern ဟာ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူနဲ့ ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။
သူမဟာ လက်ထပ်ပြီး သမီးလေးတစ်ယောက်ရအပြီး ၂၀၁၈ ခုနှစ်မှာ ခင်ပွန်းဟောင်းနဲ့ လမ်းခွဲကွာရှင်းခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီးနောက်မှာ Taksaorn Paksukcharern က သမီးလေး ကို တစ်ယောက်တည်း စောင့်ရှောက်ပေးခဲ့ ပါတယ်။
သူမဟာ သမီးလေးဖြစ်သူနဲ့ အတူတူ အချိန်ကုန်ဆုံးနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အမြဲလိုလို တင်ပေးလေ့ရှိပြီး အခုတစ်ခေါက်မှာလည်း သမီးလေးနဲ့အတူတူ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို တင်ပေးလာတာဖြစ်ပါတယ်။ ထိုင်းမင်းသမီးလေး ဝနီဒါလို့ လူသိများတဲ့ Taksaorn Paksukcharern ရဲ့ လက်ရှိ အသက်ကတော့ အသက် ၄၂ နှစ် ရှိသွားပြီပဲဖြစ်ပါတယ်။
အချိန်ကာလာ အတန်ကြာပျောက်နေတာကြောင့် သူမ ဘယ်များရောက်နေလဲဆိုတာ သိချင်တဲ့ ပရိသတ်တွေ အတွက် ထိုင်း မင်းသမီးလေး ဝနီဒါရဲ့ လက်ရှိ ဘဝ အခြေအနေလေး အကြောင်းကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။