တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် သူမရဲ့ သူငယ်ချင်းဖြစ်သူ Yoo Ah In တစ်ယောက် အခက်အခဲဖြစ်နေတဲ့အချိန်မှာ အနားမှာ အတူရှိနေပေးပြီး ကူညီပေးနေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ ၊ ၂၀၂၃ ခုနှစ်မှာ News 9 by TV Chosun ရဲ့ ကြေညာချက်အရ မင်းသား Yoo Ah In တစ်ယောက် မူးယစ်ဆေးဝါး အမှုနဲ့ အဖမ်း ခံခဲ့ရတယ်လို့ သိရပါတယ်။ Yoo Ah In ရဲ့ အေဂျင်စီဖြစ်တဲ့ United Artists Agency ကနေ ထုတ်ပြန်ကြေညာချက်အရ Yoo Ah In ဟာ ပရိုဖိုဖိုလ် သုံးစွဲထားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ၂ လအကြာမှာတော့ Yoo Ah In နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြီး လုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထွက်ရှိလာတဲ့ ဆီးစစ်ချက်အရ Yoo Ah In တစ်ယောက် marijuana ဆေးခြောက်နဲ့ ပရိုဖိုဖိုလ် သုံးစွဲထားတယ်ဆိုတဲ့ ရလာဒ်ထွက်ပေါ်ခဲ့ပါတယ်။ တစ်ပတ်ကြာ စစ်ဆေးမှုတွေပြုလုပ်ပြီးနောက်မှာ Yoo Ah In က propofol ၊ marijuana ၊ ketamine နဲ့ cocaine ဆိုတဲ့ မူးယစ်ဆေးဝါး ၄ မျိုး သုံးစွဲထားတယ်ဆိုတာကိုတွေ့ခဲ့ပါတယ်။
အမှုဖြစ်နေစဉ် အတောအတွင်းမှာ Song Hye Kyo က Yoo Ah In ကို အပြည့်အဝ ကူညီပေးခဲ့တယ်လို့ သိရပြီး ဆေး ဖြတ်ဖို့ အထိပါ လမ်းပြပေးခဲ့တယ်လို့ ဆိုပါတယ်။ ဆရာဝန်တွေနဲ့ရှေ့နေတွေရဲ့ အဆိုအရ Song Hye Kyo က Yoo Ah In ကို ကူညီပေးခဲ့တယ်လို့ ဖော်ပြပေးခဲ့ပါတယ်။
Song Hye Kyo က Yoo Ah In ကို ဆေးဖြတ်ဖို့အတွက် ဆရာဝန်တွေနဲ့ ပူးပေါင်းဆောင်ရွက်စေခဲ့ပြီး ရှေ့နေတွေ ငှားဖို့ကိုလည်း ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ Song Hye Kyo ဘက်ကတော့ သူငယ်ချင်း ဖြစ်သူ လမ်းမှန်ရောက်ဖို့ အတတ်နိုင်ဆုံး ရေကုန်ရေခန်း ကြိုးစားပေးနေတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် ၂၀၂၁ ခုနှစ်မှာ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ပြီး အနုပညာ လမ်းမပေါ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ အချိန်တုန်းကလည်း Yoo Ah In က Song Hye Kyo ကို အပြည့်အဝ ကူညီစောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်။