တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ သင်္ကြန်မင်းသမီးကြီးများရဲ့ သင်္ကြန်ဖက်ရှင်များ - TrueID

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ သင်္ကြန်မင်းသမီးကြီးများရဲ့ သင်္ကြန်ဖက်ရှင်များ

May 19, 2022

မြန်မာလူမျိုးတွေနဲ့အတာသင်္ကြန်ဆိုတာ ဘယ်တော့မှ ခွဲခွာလို့ မရတဲ့ အရာဖြစ်ပါတယ်။ မြန်မာ လူမျိုးမှန်ရင် ဘယ်လောက် တည်ငြိမ်သူ ဖြစ်ဖြစ် သင်္ကြန် နီးလာပြီဆိုရင် သင်္ကြန်ပိုးကတော့ ထလာစမြဲပဲဖြစ်ပါတယ်။

null

မြန်မာလူမျိုးတွေမှာ သင်္ကြန်နဲ့ ပတ်သတ်ပြီး အမှတ်တရ သင်္ကေတ တွေ အများကြီးရှိပါတယ်။ အမှတ်တရ သင်္ကေတတွေ အများကြီးထဲမှာ သင်္ကြန်ဖက်ရှင်လို့ ခေါ်တဲ့ အဝတ်အစား ဆင်ယင်ထုံးဖွဲ့မှုလည်း တစ်ခု အပါအဝင်ပဲဖြစ်ပါတယ်။

null

သင်္ကြန်ဖက်ရှင်တွေထဲမှာ ၁၉၇၀-၁၉၈၀ ဝန်းကျင်ကာလတွေမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ သင်္ကြန်မင်းသမီးကြီးတွေရဲ့ ဖက်ရှင်ကတော့ ခေတ်ကာလ ဘယ်လောက် ပြောင်းပြောင်း ဆန်းသစ်နေဆဲပဲဖြစ်ပါတယ်။

null

သင်္ကြန်မင်းသမီးကြီးတွေလို့ ပြောလိုက်တာနဲ့ လူတော်တော်များများက မင်းသမီးကြီး စန္ဒာ ၊ ခင်သန်းနု၊ မေသန်းနု၊ စံရှားတင်၊ ဒေစီကျော်လင်း တို့ကို သေချာပေါက် ပြေးမြင်ကြမှာပါ။

null

သင်္ကြန်မင်းသမီးကြီးတွေ ဝတ်ဆင်ခဲ့တဲ့ ရှေးရှေးတုန်းက သင်္ကြန်ဖက်ရှင်တွေက အပေါ်ပိုင်း အင်္ကျီ ခါးတိုကိုမှ  ပိတ်စ ဇာလေးတွေ ၊ အပွင့်အသားလေးတွေ ၊ ချဉ်သားပိတ်စ အပိတ်ကလေးတွေနဲ့ ချုပ်ဝတ်ကြတာများပါတယ်။

null

ခါးတင်လေးဖြစ်တာကြောင့် ရိုးရိုးယဉ်ယဉ် လုံလုံခြုံခြုံလေးနဲ့ ခန္ဓာကိုယ် ကောက်ကြောင်း အလှလေးတွေ ပိုလို့ ပေါ်စေပါတယ်။ လုံချည်လေးတွေကိုတော့ အင်္ကျီနဲ့ ဆင်တူ ဝိုင်းဆက် လုံချည်ထဘီလေးတွေ ဝတ်ကြသလို အင်္ကျီတစ်ရောင် ထဘီတစ်ရောင် လုံချည်လေးတွေလည်း ဝတ်ကြပါတယ်။

null

ဆံပင်ပုံစံ အနေအထားလေးတွေကတော့ ဘေးနှစ်ဖက် ကျစ်ဆံမြီး ကျစ်ပြီး ချထားတဲ့ ပုံစံလေးတွေ ထားကြသလို ဘေးနှစ်ဖက်ကို ထုံးပြီး တင်ထားတာလေးတွေလည်း ရှိပါတယ်။တစ်ခါတစ်လေးလည်း ရိုးရိုးစုစည်းပြီးချထားတာလေးတွေရှိသလို ဆံထုံးလေးတွေ ထုံးတာလည်း ရှိပါတယ်။

null

ပုံလေးတွေထဲမှာ တစ်ပုံချင်း လေ့လာနိုင်ပါတယ်နော်။ တစ်ခေတ်တစ်ခါက သင်္ကြန်မင်းသမီးကြီးတွေရဲ့ သင်္ကြန်ဖက်ရှင် ဝတ်စုံလေးတွေကို ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ပါတယ်။

Source – Google, Mooda

Image - Google

Read More
Loading...
Loading...