တောင်ကိုရီးယားမင်းသမီး Park Chae-rim ဟာဆိုရင် ဆည်းဆာ ရင်ခုန်သံ ဇာတ်လမ်းတွဲမှာ ဆန်းမီအဖြစ်နဲ့ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Park Chae-rim ဟာ တောင်ကိုရီးယား နိုင်ငံမှာ အောင်မြင်မှုတွေ ရရှိတဲ့ မင်းသမီးဖြစ်ရုံသာမက တရုတ်ပြည်မှာ လည်း တော်တော်လေး နာမည်ကြီးတဲ့သူလို့ ဆိုရမှာဖြစ်ပါတယ်။
၂၀၀၀ ခုနှစ်တွေမှာ တောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံး မင်းသမီးအဖြစ် ရပ်တည်ခဲ့တဲ့ Park Chae-rim ဟာတရုတ်ပြည်မှာလည်း ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးခဲ့တဲ့သူဖြစ်ပါတယ်။ Park Chae-rim ကို တရုတ်ဇာတ်လမ်းတွဲတွေ တော်တော်များများထဲမှာတွေ့ခဲ့ရလို့ သူမကို တရုတ်မင်းသမီးလားလို့တောင် အထင်မှားခဲ့တဲ့ သူတွေ ရှိပါတယ်။
Park Chae-rim ဟာ ခင်ပွန်းဖြစ်သူ Lee Seung Hwan နဲ့ ကွာရှင်းပြီးနောက်မှာ တရုတ်မင်းသား Jiame Gao နဲ့ချစ်ကြိုက်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပြီး ၆ နှစ်အကြာမှာ Chae-rim က ခင်ပွန်းဖြစ်သူ Jiame Gao နဲ့ ကွာရှင်း ခဲ့ပြီး ၂၀၁၈ ခုနှစ် မှာ သားလေးMinyu နဲ့အတူ အမိမြေ တောင်ကိုရီးယားကို ပြန်လာခဲ့ပါတယ်။
တောင်ကိုရီးယားကို ပြန်ရောက်ပြီးနောက်မှာလည်း Chae-rim က နောက်ထပ် အိမ်ထောင် ထပ်ပြုခြင်း မပြုလုပ်ဘဲ Single Mother အဖြစ်နဲ့ပဲ ဘဝကြီးကို ရပ်တည်လျက်ရှိပါတယ်။ Chae-rim က သားဖြစ်သူကို အပြည့်အဝစောင့်ရှောက်ဖို့အတွက် အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်လက်ပြီး လုပ်ဆောင်ခြင်းမရှိတော့ပါဘူး။
Chae-rim ဟာဆိုရင် Single Mother အဖြစ် ရပ်တည် နေရပေမယ် ဘယ်သူ့ဆီကမှ သနားညှာတာမှုကို မလိုချင်ကြောင်း ဆိုပါတယ်။ ယောကျာ်း မရှိ ဘဲ ကလေး ထိန်းနေတဲ့ အမျိုးသမီး တွေ ဆိုရင် ပတ်ဝန်းကျင်က သနားကြတဲ့ မျက်လုံးတွေနဲ့ ကြည့်လေ့ကြည့်ထ ရှိပေမယ့် Chae-rim က အဲဒီ မျက်လုံးတွေကို မုန်းတယ်လို့ ဆိုပါတယ်။
ပရိသတ်တွေဆီကနေ သနားညှာတာမှု မလိုချင်တဲ့ အကြောင်း အရင်းက Chae-rim က သူမ သားလေးရဲ့ အမြင်မှာ သူမကို သန်မာတဲ့ မိခင်တစ်ယောက်အနေနဲ့ မြင်စေချင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
Chae-rim ရဲ့သားလေး က အသက် ၅ နှစ် ရှိသွား ပေ မယ့်လည်း ဖခင်ရဲ့ မျက်နှာကို မမြင်ဖူးဘူးလို့ သိရပါတယ်။ သားဖြစ် သူလေး အသက် ၃ နှစ်အရွယ်တုန်းကဆိုရင် ဖခင်ရှိလို့ ရှိမှန်းတောင် မသိဘူးလို့ Chae-rim ကဆိုပါတယ်။ သားလေးနဲ့ အပြင်လျှောက်လည်တိုင်းမှာ အခြားကလေးတွေရဲ့ အဖေတွေကို လိုက်ငေးကြည့်နေတဲ့ Minyu ကို မြင်ရင် သူမအနေနဲ့လည်း နာကျင်ခံစားရတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားမင်းသမီး Chae-rim လက်ရှိမှာ အသက် ၄၃ နှစ်အရွယ်ရှိ နေပြီဖြစ်ပြီး အရွယ်နဲ့ မလိုက်အောင်လှပနုပျိုနေတုန်းပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Chae-rim ကို အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီမှာ ပြန်လည် တွေ့မြင်ကြရဖို့ စောင့်မျှော်နေကြပါတယ်။
Source – Asiawiki
Image – Google