တောင်ကိုရီးယားမင်းသား Kim Min Jong ဟာဆိုရင် ၁၉၇၁ ခုနှစ်မှာချမ်းသာတဲ့ မိသားစုကနေ ရွှေဇွန်းကိုက်ပြီးမွေးလာတဲ့ သူဌေးသားတစ်ယောက်ဖြစ်ပါတယ်။ Kim Min Jong ရဲ့ အဖေက အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင် ဖြစ်တာကြောင့် Kim Min Jong က ချမ်းချမ်းသာသာနဲ့နေထိုင်ခဲ့ရတဲ့ သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း Kim Min Jong ရဲ့ ဖခင် ကုမ္ပဏီဒေဝါလီခံခဲ့ရပြီး မိသားစု စီးပွားရေး ပျက်ခဲ့ရပါတယ်။
Kim Min Jong ဟာ ခက်ခဲနေတဲ့ မိဘတွေကို မကြည့်ရက်နိုင်တာကြောင့် အလုပ်မျိုးစုံလုပ်ပြီး မိဘတွေကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ Kim Min Jong ဟာ အသက် ၁၇ နှစ်မှာ အနုပညာလမ်းကြောင်းထဲ စတင်ဝင်ရောက်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့ပါတယ်။
ဆွဲဆောင်မှု ရှိလွန်းပြီး ခန်းနားလွန်း ထည်ဝါတဲ့ မျက်နှာသွင်ပြင်ကြောင့် Kim Min Jong ဟာ ပရိသတ်တိုင်း ကြွေဆင်းတဲ့ မင်းသားဖြစ်ခဲ့ပါတယ်။ Kim Min Jong ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်းမှာ အောင်မြင်မှုတွေရရှိပြီး ငွေကြေးတွေ အများကြီးရှာနိုင်ခဲ့ပေမယ့်လည်း လောကဓံရဲ့ ရိုက်ခတ်မှုက ပြင်းထန်လွန်းခဲ့ပါတယ်။
Kim Min Jong ရဲ့သူငယ်ချင်းက Kim Min Jong ကို စီးပွားရေးလုပ်ငန်းစာချုပ်တစ်ခုမှာ လက်မှတ်ထိုးဖို့အတွက် မဲဆွယ်ခဲ့ပြီး ငွေတွေအားလုံးကို လိမ်လည်လှည့်စားခဲ့ပါတယ်။
ပိုက်ဆံတွေအားလုံး အလိမ်ခံခဲ့ရတာကြောင့် လူအများစုက Kim Min Jong ရဲ့ သူငယ်ချင်းဖြစ်သူကို တရားစွဲဆိုဖို့အတွက် တိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Kim Min Jong က ပိုက်ဆံဆိုတာ ပြန်ပြီးရှာလို့ လွယ်ကူကြောင်း သူ့ရဲ့သူငယ်ချင်းကတော့ခက်ခဲနေတဲ့သူဖြစ်တာကြောင့် ပိုက်ဆံတွေ ပြန်ရှာဖို့အတွက် မလွယ်ကူကြောင်း သူငယ်ချင်းကို ခက်ခဲအောင် မလုပ်ချင်ကြောင်း ပြောခဲ့ပါတယ်။
လူတိုင်းအပေါ် သနားညှာတာစိတ်ထားတဲ့တဲ့ Kim Min Jong ဟာ ငွေလိမ်ခံခဲ့ရပေမယ့်လည်း ရိုးသားတဲ့ ကြိုးစားမှုတွေကြောင့် SM C&C ရဲ့ စီအီးအိုတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
Kim Min Jong က ဆောင်းဟေကိုနဲ့ တွဲခဲ့ဖူးတယ်လို့လည်း နာမည်ကြီးခဲ့တဲ့သူ ဖြစ်ပါတယ်။ Kim Min Jong ဟာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ လုံးဝကြီး ပျောက်ကွယ်သွားတဲ့ သူမဟုတ်ပေမယ့်လည်း ဇာတ်ကားတော်တော်များများထဲမှာ သူ့ကို မတွေ့ရတော့ပါဘူး။
Kim Min Jong က လက်ရှိမှာ အသက် ၅၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဘယ်သူနဲ့မှ လက်မထပ်ရသေးဘဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နေထိုင်နေတဲ့ သူဖြစ်ပါတယ်။ လောကဓံရဲ့ ရိုက်ခတ်မှုတွေကို ခါးစီးပြီးခံခဲ့ရတဲ့ တောင်ကိုရီးယားမင်းသားကြီး Kim Min Jong ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။