ရင်ကိုခွဲပြီးဆားနဲ့အပက်ခံရသလို ချမ်းသာတဲ့ခင်ပွန်းကြောင့် သားသမီးတွေနဲ့ရှင်ကွဲကွဲခဲ့ရတဲ့မင်းသမီး - TrueID

ရင်ကိုခွဲပြီးဆားနဲ့အပက်ခံရသလို ချမ်းသာတဲ့ခင်ပွန်းကြောင့် သားသမီးတွေနဲ့ရှင်ကွဲကွဲခဲ့ရတဲ့မင်းသမီး

August 18, 2022

တောင်ကိုရီးယားနာမည်ကြီး မင်းသမီး Go Hyun Jung  ဟာ ချောမော လှပပြီး လူတိုင်း အားကျရတဲ့ ဘဝကိုပိုင်ဆိုင်ခဲ့ပေမယ့်လည်း သူမ ဘဝ က လူတိုင်းထင်ထားသလိုမျိုး အားကျဖို့ မကောင်းခဲ့ပါဘူး။ Go Hyun Jung ဟာ တောင်ကိုရီးယား နိုင်ငံက ထိပ်တန်း သူဌေးကြီး တစ်ဦးနဲ့ လက်ထပ်ခဲ့ပြီးနောက်မှာ သားလေးတစ်ယောက် ၊ သမီးလေးတစ်ယောက် ဖွားမြင်ခဲ့ပါတယ်။ 

null

Go Hyun Jung ဟာ လက်ထပ် ပြီးတဲ့နောက်မှာ ခင်ပွန်း ဖြစ်သူ အသိုင်းအဝိုင်းဘက်ကနေ ကွာရှင်းဖို့အတွက် တွန်းအားပေးခြင်းကို ခံခဲ့ရတယ်လို့သိရပါတယ်။ ကွာရှင်းခဲ့မှုကြောင့် နစ်နာကြေး လျော်ကြေးငွေ ၁.၅ ဘီလီယံ ရရှိပိုင်ဆိုင်ခဲ့ပေမယ့်လည်း Go Hyun Jung  ဟာ သားသမီးတွေနဲ့ တွေ့ဆုံခွင့် ပိတ်ပင် တားမြစ်ခြင်း ခံခဲ့ရပါတယ်။

null

null

မိခင်တစ်ယောက် အတွက် သားသမီးဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာဖြစ်တာကြောင့် မင်းသမီးကြီး Go Hyun Jung  ရဲ့ ဘ ဝဟာ အထီး ကျန် ဝမ်းနည်းမှု တွေ နာကြည်း ချက်တွေ အပြည့်ပါပဲ။ အကြောင်း အရင်း အပြည့်အစုံကို ဆက်ပြီး ရှင်းပြပေးသွားပါမယ်နော်။ 

 

Go Hyun Jung  က အသက် ၁၈ နှစ်တုန်းက လှလွန်းလို့ Miss Korea အလှမယ် ပြိုင်ပွဲမှာ 1st Runner up ဆု ရရှိခဲ့တဲ့ သူတစ်ယောက်ပါ။ အလှမယ် ပြိုင်ပွဲကနေ  အနုပညာ လမ်းကြောင်းထက်ဆီကို လျှောက်လှမ်းခဲ့ရာမှာလည်းချောမောလွန်းတာကြောင့် အောင်မြင်မှုတွေ အများကြီး ရရှိခဲ့ပါတယ်။ 

null

null

Go Hyun Jung  ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတွေက The Eye of Dawn နဲ့ The Heart of the Sea ဖြစ်ပါတယ်။ Hourglass ရုပ်ရှင်ကလည်း Go Hyun Jung ကို အောင်မြင်မှုတွေ ရရှိပြီးအနုပညာခြေလှမ်း အသစ် လှမ်းနိုင်အောင် ကူညီပေးခဲ့တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ ရုပ်ရည်ချောမောလွန်းတဲ့အပြင်သရုပ်ဆောင်ပါကောင်းလွန်းတာကြောင့် Go Hyun Jung ကို တောင်ကိုရီးယားရဲ့ ဖျော်ဖြေရေး နတ်ဘုရားမလို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ 

null

null

အောင်မြင်မှုတွေ အထွတ်အထိပ်ကို ရောက်ရှိနေတဲ့အချိန်မှာ မင်းသမီးကြီး Go Hyun Jung ဟာ Samsung Group ဥက္ကဌကြီးရဲ့ မြေးဖြစ်သူနဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူမကို ကမ္ဘာတစ်ဝှမ်းက လူအများကပါအားကျခဲ့ကြပါတယ်။ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ အဖြစ်အပျက်တွေက လူတိုင်းထင်ထား သလို မဟုတ်ခဲ့ပါဘူး။  Go Hyun Jung ရဲ့ အိမ်ထောင်ရေး ဘဝဟာ လူတိုင်း ထင်ထား သလို ပန်းခင်းလမ်း မဟုတ်ဘဲ ကြေကွဲစရာကြီး ဖြစ်ခဲ့တာပါ။  

null

Go Hyun Jung ရဲ့ ခင်ပွန်း ဖြစ်သူ အသိုင်းအဝိုင်းဟာ ကြီးမားလွန်းတာကြောင့် Go Hyun Jung ရဲ့ မိသားစုအသိုင်းအဝိုင်းနဲ့ ယှဉ်ရင် မိုးနဲ့ မြေလိုမျိုး ကွာခြားတာကြောင့် အနှိ မ်ခံရတယ်လို့ သိရပါတယ်။ ခင်ပွန်းဖြစ်သူ အသိုင်းအဝိုင်းကြားမှာခေါင်းမဖော်နိုင်အောင် အနှိမ်ခံခဲ့ရတဲ့ Go Hyun Jung ဟာ  ရင်သွေး လေး ၂ ယောက် မွေးပေး နိုင်ခဲ့ပေမယ့်လည်းကလေးမွေးတဲ့ စက်ရုပ်တစ်ရုပ်ကဲ့သို့သာ ဆက်ဆံခံခဲ့ရတယ်လို့ သိရပါတယ်။ 

null

ခင်ပွန်းဖြစ်သူရဲ့ မိသားစုဘက်က နှိမ့်ချဆက်ဆံမှုတွေ များလာတဲ့ အခါမှာ မင်းသမီးဂုဏ် ရှိတဲ့ Go Hyun Jung ဟာလည်း ဆက်ပြီး သည်းမခံနိုင်ခဲ့ပါဘူး။ Go Hyun Jung ဟာ ခင်ပွန်းဖြစ်သူဘက်ကပေးတဲ့ နစ်နာကြေး ၁.၅ ဘီလီယံကို လက်ခံခဲ့ပြီး ကွာရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ ကွာရှင်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ သားသမီးတွေနဲ့ပါတစ်သက်လုံး မတွေ့ဖို့ သဘောတူညီချက်ပါ ပြုလုပ်ခဲ့ရတဲ့ မင်းသမီး Go Hyun Jung ရဲ့ ဘဝဟာ တော်တော်သနားဖို့ကောင်းလှပါတယ်။ 

null

Go Hyun Jung  ဟာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးနောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် တည်ကာ အနုပညာလမ်းကြောင်းထက်ဆီကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။  သူမရဲ့ကိုယ်ပိုင်ကြိုးစားမှုကြောင့် Queen Seondeok, Daemul,… အစရှိတဲ့ ဇာတ်လမ်းတွဲ တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိခဲ့ပါတယ်။ အသက် ၃၀ ကျော်အရွယ်မှာ အိမ်ထောင် ကွဲခဲ့တဲ့ Go Hyun Jung ဟာ ဖက်ရှင်နဲ့ အလှ ကုန် လောက ထဲကိုလည်း ဝင်ရောက်ခဲ့ပြီးအောင်မြင်မှုတွေ ရရှိခဲ့သလို Dongguk တက္ကသိုလ်ကြီးရဲ့ ပါမောက္ခ အထိ ဖြစ်လာခဲ့ပါတယ်။ 

null

null

မင်းသမီးကြီး Go Hyun Jung ဟာ လက်ရှိမှာ အသက် ၅၁ နှစ်အရွယ် ရှိသွားပြီပဲ ဖြစ်ပါတယ်။  Go Hyun Jung ဟာ အောင်မြင်မှုတွေကို ဆက်ပြီး ထိန်းထား နိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ တစ်ကိုယ်တည်း ဖြစ်နေခဲ့ပြီး သားသမီးတွေကိုလည်း တွေ့ခွင့် မရရှိခဲ့ပါဘူး။ မင်းသမီးကြီး Go Hyun Jung  ရဲ့သနားစရာ ဘဝ အကြောင်းလေးကို စိတ်မကောင်းဖွယ် ဖော်ပြပေးလိုက်ပါတယ်။ 

Source – Koreawiki

Image - Google

Read More
Loading...
Loading...