တောင်ကိုရီးယားမင်းသား Ahn Hyo Seop ဟာဆိုရင် တည်ကြည်တဲ့ မျက်နှာထား ၊ လေးနက်တဲ့မျက်လုံးနဲ့ ၊ တောင့်တင်း ရှည်မြောသွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့ သူဖြစ်ပါတယ်။ Ahn Hyo Seop ဟာ လက်ရှိမှာ A Business Proposal ဆိုတဲ့ ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
သရုပ်ဆောင်လမ်းကြောင်းထဲ မရောက်ခင်က Ahn Hyo Seop က GOT7 အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့တဲ့သူဖြစ်ပါတယ်။ ရုပ်ရည်ရော ၊ အရည်အချင်းရော အားလုံးပြည့်စုံနေပါလျက်နဲ့ Ahn Hyo Seop တစ်ယောက် GOT7 အဖွဲ့ဝင်တစ်ယောက် ဖြစ်ခွင့်မရှိခဲ့ပါဘူး။ GOT7 အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း မခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး နောက်ကွယ်က အကြောင်းအရင်းကို Ahn Hyo Seop က အင်တာဗျူးမှာ အခုလိုဝေမျှပေးလာခဲ့ပါတယ်။
“အဲဒီအချိန်တုန်းက ကျွန်တော်က GOT7 အဖွဲ့ဝင်တွေနဲ့ အိမ်ဆောင်တစ်ခုတည်းမှာ အတူတူနေတယ်။ အတူတူ လေ့ကျင့်တယ် ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ပွဲဦးထွက်တော့ ကျွန်တော် အခြားသူတွေနဲ့ အတူတူ ပွဲဦးမထွက်နိုင်ခဲ့ဘူး။ အကြောင်းအရင်းက အခြားအဖွဲ့ဝင်တွေထက် အရည်အချင်းနည်းနည်းကွာနေတာကြောင့်ရယ် .. ကျွန်တော့်အရပ်က အခြားအဖွဲ့ဝင်တွေက ယှဉ်လိုက်ရင် ပိုပြီး ရှည်နေတာကြောင့်ရယ်ပါ ..”
Ahn Hyo Seop ရဲ ဖြေကြားချက်တွေက ပရိသတ်တွေ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါကြောင့် Ahn Hyo Seop ရဲ့ အရပ်က တကယ်ပဲ GOT7 အဖွဲ့ဝင်တွေထက် ရှည်နေတာလားဆိုပြီး တိုင်းတာကြည့်လိုက်တဲ့ အချိန်မှာ မှန်ကန်နေတာကိုတွေ့ရပါတယ်။ GOT7 အဖွဲ့ဝင်တွေရဲ့ အရပ်က Jackson Wang က ၁.၇၄ မီတာ ၊ Choi Young Jae က ၁.၇၇ မီတာ ၊ Jay B က ၁.၇၉ မီတာ ၊ Mark Tuan က ၁.၇၅ မီတာ ၊ Jiyoung က ၁.၇၈ မီတာ ၊ Kim Yugyeom က ၁.၈၂ မီတာ အသီးသီးဖြစ်ကြပြီး Ahn Hyo Seop ရဲ့ အရပ်ကတော့ ၁.၈၇ မီတာဖြစ်ပါတယ်။ Ahn Hyo Seop ရဲ့ အရပ်က GOT7 အဖွဲ့ဝင် Jackson ထက် ခေါင်းတစ်လုံးတောင် ပိုပြီးရှည်နေခဲ့ပါတယ်။ အရပ်အရမ်းရှည်နေတာကြောင့် အခြားအဖွဲ့ဝင်တွေနဲ့ တွဲရပ်လိုက်ရင် ကြည့်လို့မကောင်းတော့တာကြောင့် Ahn Hyo Seop တစ်ယောက် GOT7 အဖွဲ့ဝင် တစ်ယောက် ဖြစ်မလာခဲ့ရတာပါ။
အရပ်ရှည်လွန်းလို့ အိုင်ဒေါလ်တစ်ယောက် မဖြစ်ခဲ့တဲ့ Ahn Hyo Seop ရဲ့ အဖြစ်ကတော့ တကယ်ကို ရယ်ရခက် ငိုရခက်ပါပဲနော်။ မင်းသားချောလေး Ahn Hyo Seop ရဲ့ သရုပ်ဆောင်တစ်ယောက်မဖြစ်ခင် ဘဝလေးကို စိတ်ဝင်စားဖွယ် ဖော်ပြပေးလိုက်ရပါတယ်။