ဆောင်းဟေကိုနဲ့ တွဲသရုပ်ဆောင်ဖို့ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တဲ့ မင်းသား ၅ ယောက် - TrueID

ဆောင်းဟေကိုနဲ့ တွဲသရုပ်ဆောင်ဖို့ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တဲ့ မင်းသား ၅ ယောက်

August 1, 2022

ဆောင်းဟေကိုဟာဆိုရင် နာမည်ကြီးပြီးအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အလျောက် ရုပ်ရှင်ဇာတ်လမ်းတွဲ တော်တော်များများမှာလည်း ပါဝင်ခဲ့ဖူးတဲ့ သူဖြစ်ပါတယ်။

null

တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသမီးတစ်ယောက်အဖြစ် နာမည်ကြီးတဲ့ ဆောင်းဟေကိုနဲ့ တွဲရိုက်ဖို့ ငြင်းဆန်တဲ့ အနုပညာရှင်တွေလည်း အများကြီးပဲဖြစ်ပါတယ်။ အဲဒီထဲမှာ အခု နာမည်ကြီး မင်းသား ၅ ယောက်လည်း အပါအဝင်ပဲဖြစ်ပါတယ်။

null

null

Lee Jung Jae

တောင်ကိုရီးယား မင်းသား Lee Jung Jae ကို နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက တစ်ခုဖြစ်တဲ့ ချစ်စံအိမ်  “Full House” ဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက မင်းသား Lee Jung Jae က Small Screen ပရောဂျက်တွေကို စိတ်မဝင်စားဘူးလို့ ဆိုကာ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ချစ်စံအိမ် ဇာတ်လမ်းတွဲထဲမှာ မင်းသား Lee Jung Jae မပါဝင်တော့ဘူးဆိုတဲ့ သတင်းကို ပရိသတ်တွေ တော်တော်များများက သဘောကျခဲ့ကြသလို တချို့ပရိသတ်တွေကလည်း မကြိုက်ခဲ့ကြပါဘူး။ ဒါပေမယ့်လည်း ဆောင်းဟေကို က ချစ်စံအိမ်ဇာတ်လမ်းမှာ တောင်ကိုရီးယားမင်းသား Bi Rain နဲ့ အတွဲညီညီ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

null

null

Won Bin

တောင်ကိုရီးယား မင်းသား Won Bin ကိုလည်း “Descendants of The Sun” ဇာတ်လမ်းမှာ ဆောင်းဟေကိုနဲ့အတူ ပါဝင်သရုပ်ဆောင်ဖို့အတွက် အရင်ဆုံး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Won Bin က ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ Won Bin က သရုပ်ဆောင် လောကထဲကို ပြန်ဝင်ဖို့ အဆင်သင့် မဖြစ်သေးတာကြောင့်လို့ သိရပါတယ်။ ဆယ်စုနှစ်ကြာသည့်တိုင်အောင် Won Bin ကို စိတ်ဝင်စားအောင် လုပ်နိုင်မယ့် ပရောဂျက် တစ်ခုမှ မရှိခဲ့သေးပါဘူး။

null

Jo In Sung

Won Bin ဘက်က ငြင်းဆန်ပြီးတဲ့နောက်မှာ Descendants of The Sun ဇာတ်လမ်းတွဲအတွက် နောက်ထပ် ရွေးချယ်ခြင်း ခံရတဲ့ သူကတော့ Jo In Sung ပဲ ဖြစ်ပါတယ်။ Jo In Sung နဲ့ ဆောင်းဟေကိုတို့က နာမည်ကြီးပြီးအောင်မြင်ခဲ့တဲ့ “That Winter, The Wind Blows” ဇာတ်လမ်းမှာ အတွဲညီညီ သရုပ်ဆောင်နိုင်တာကြောင့် သူတို့ကို “Descendants of The Sun” မှာ ပါဝင်သရုပ်ဆောင်နိုင်ရင် အောင်မြင်မှာပဲလို့ ဆိုကာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Jo In Sung က Song Joong Ki နဲ့ လက်တွေ့ဘဝမှာ ရင်းနှီးတဲ့သူဖြစ်တာကြောင့် သူ့သူငယ်ချင်းနဲ့ ဒီဇာတ်လမ်းက ပိုပြီး လိုက်ဖက်မယ်လို့ ဆိုကာ Descendants of The Sun ဇာတ်လမ်းတွဲကို Song Joong Ki အတွက် ပေးခဲ့တာဖြစ်ပါတယ်။

null

null

Gong Yoo

တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Gong Yoo ကလည်း ဆောင်းဟေကိုနဲ့အတူ Descendants of The Sun ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ Gong Yoo က "Descendants of The Sun" ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်မယ့်အစား Goblin ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ Gong Yoo က ရိုးရိုးအချစ်ဇာတ်လမ်းတွဲတွေကို ရိုက်ကူးရတာထက် ရုံတင်ဇာတ်ကားကြီးတွေကို ရိုက်ရတာ ပိုပြီး သဘောကျတဲ့သူဖြစ်တာကြောင့်  "Descendants of The Sun" ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

null

null

Kim Woo Bin

တောင်ကိုရီးယား မင်းသား Kim Woo Bin ကလည်း “Descendants of The Sun” ဇာတ်လမ်းတွဲမှာ ဆောင်းဟေကိုနဲ့ တွဲပြီး သရုပ်ဆောင်ဖို့ ငြင်းဆန်ခဲ့တဲ့သူဖြစ်ပါတယ်။ Kim Woo Bin ငြင်းဆန်ခဲ့တဲ့ အကြောင်းအရင်းကို သေချာမသိရပေမယ့် ပရိသတ်တွေ တော်တော်များများကတော့ Kim Woo Bin က စစ်တပ်ဆံပင်ပုံစံမျိုးညှပ်ဖို့ တွန့်ဆုတ်နေပြီး အရပ်အရမ်းရှည်နေလို့ ငြင်းတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Read More
Loading...
Loading...