ဆင်းရဲလွန်းတာကြောင့် နာမည်ကြီးသရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် အသက် ၃၀ ကျော်အရွယ်မှ အောင်မြင်လာတဲ့ Penthouse မင်းသား - TrueID

ဆင်းရဲလွန်းတာကြောင့် နာမည်ကြီးသရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် အသက် ၃၀ ကျော်အရွယ်မှ အောင်မြင်လာတဲ့ Penthouse မင်းသား

October 11, 2022

တောင်ကိုရီးယားမင်းသား Yoon Jong Hoon ဟာဆိုရင် သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် များစွာ ကြိုးစားခဲ့ရတဲ့သူဖြစ်ပါတယ်။ Yoon Jong Hoon ဟာ ဆင်းရဲစွာ မွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အလုပ်များစွာ လုပ်ခဲ့ရပါတယ်။ Yoon Jong Hoon ကို ၁၉၈၄ ခုနှစ်မှာ လူလတ်တန်းစား မိသားစုကနေ မွေးဖွားခဲ့ပြီး အနုပညာအလုပ်နဲ့ ပတ်သက်တဲ့ မျိုးရိုးလည်း မရှိခဲ့ပါဘူး။

null

Yoon Jong Hoon က အထက်တန်းကျောင်းတက်တဲ့အရွယ်တုန်းက Godfather ဇာတ်လမ်းတွဲကို ကြည့်ရင်း သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ အိပ်မက်မက်ခဲ့တဲ့ သူဖြစ်ပါတယ်။ Yoon Jong Hoon သရုပ်ဆောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အချိန်က မိဘတွေကလည်း သဘောမတူခဲ့ကြပါဘူး။

null

ဒါကြောင့် Yoon Jong Hoon ဟာ Foreign Language and Literature ဌာနမှာ တက္ကသိုလ်တက်ရောက်ခွင့်ရရှိခဲ့ပေမယ့် ပထမနှစ်မှာပဲ အိပ်မက်တွေကြောင့် ရပ်နားခဲ့ရပါတယ်။မိဘတွေဆီက ထောက်ပံ့မှုလည်း လုံးဝမရရှိခဲ့တဲ့ Yoon Jong Hoon ဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းကို အကောင်အထည်ဖော်ဖို့ သူငယ်ချင်းတွေဆီက ပိုက်ဆံချေးပြီး ဆိုးလ်ကို ရောက်ရှိခဲ့ပါတယ်။ 

null

သရုပ်ဆောင်ဖြစ်ချင်လွန်းတဲ့ Yoon Jong Hoon ဟာ မနက် ၃ နာရီ ၄ နာရီအထိ အလုပ်ဆင်းရပြီး နေ့လည်ခင်းတွေမှာလည်း casting ဝင်ဖို့ ကြိုးစားခဲ့ရပါတယ်။

null

Yoon Jong Hoon သာ ခက်ခဲပင်ပန်းစွာ ကြိုးစားပြီး အနုပညာလမ်းကြောင်းထက်ဆီကို ရောက်ရှိခဲ့ပေမယ့် အဓိက ဇာတ်ကောင်နေရာကို ဘယ်တော့မှ မရရှိခဲ့ပါဘူး။ အရံဇာတ်ကောင်နေရာတွေကိုသာ သရုပ်ဆောင်ခွင့် ရရှိခဲ့တဲ့ Yoon Jong Hoon ဟာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပြီး ဘယ်တော့မှလည်း မငြင်းဆန်ခဲ့ပါဘူး။

null

အချိန်ကြာမြင့်စွာ ကြိုးစားပြီး ၁၀ နှစ်အကြာမှာတော့ Yoon Jong Hoon ဟာ အောင်မြင်မှုတွေ တစတစရရှိခဲ့ပါတယ်။ Yoon Jong Hoon က ကမ္ဘာတစ်ဝှမ်း အောင်မြင်မှုတွေ သိမ်းကြုံးရရှိခဲ့တဲ့ Penthouse ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီးနောက်မှာ လူသိပိုများလာပြီး အားပေးတဲ့ ပရိသတ်တွေလည်း များစွာရရှိခဲ့ပါတယ်။

null

အနုပညာအလုပ်ကို ဝါသနာပါလွန်းပေမယ့် ငွေကြေး မတက်နိုင်တာကြောင့် အများကြီး ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ တောင်ကိုရီးယား မင်းသား Yoon Jong Hoon  ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

 

Read More
Loading...
Loading...