Kpop idols တွေဆိုတာ ရုပ်ချောသလောက် ကျိကျိတက် ကြွယ်ဝ ချမ်းသာကြတဲ့သူတွေဖြစ်ကြပါတယ်။ အဲဒီထဲကမှ အချမ်းသာဆုံးသူတွေပဲ ပိုင်ဆိုင်ခွင့်ရတဲ့ Black Card ကိုပိုင်ဆိုင်ထားကြတဲ့ Kpop Idols တွေ လည်းရှိပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာ သိကြလား ?
Black Card ပိုင်ရှင် ထိပ်တန်း idols တွေထဲက တစ်ယောက်ကတော့ G-Dragon ပဲ ဖြစ်ပါတယ်။ G-dragon တစ်ယောက် Convenient Store တွေမှာ Black Card နဲ့ ပိုက်ဆံရှင်းတာကို ပရိသတ်တွေက မကြာခဏတွေ့ဖူးကြပါတယ်။
BTS အဖွဲ့ဝင် JungKook ဟာဆိုရင်လည်း Black Card ပိုင်ရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ Black Card နဲ့ ငွေရှင်းနေတဲ့ ဗီဒီယိုဖိုင်တွေကို ပရိသတ်တွေ မကြာခဏ တွေ့ဖူးကြပါတယ်။
BTS အဖွဲ့ဝင် Jin ဟာဆိုရင်လည်း Black Card နဲ့ ရိုက်ကူးရေးဝန်ထမ်းတွေကို ညစာဝယ်ကျွေးဖူးပါတယ်။
TaeYeon ဟာဆိုရင်လည်း သူမရဲ့အမေကို Black Card နဲ့ လက်ဆောင်တွေ ဝယ်ပေးဖူးပါတယ်။
EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို ခေါင်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ SuHo
ဟာဆိုရင်လည်း လူတိုင်းမှာ မရှိနိုင်တဲ့ Black Card ကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။
Blackpink အဖွဲ့ဝင်တွေဖြစ်တဲ့ Lisa နဲ့ Jennie တို့ဟာဆိုရင်လည်း Black Card တွေရဲ့ ပိုင်ရှင်တွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦး Black Card နဲ့ ငွေရှင်းကြတာကို ဗီဒီယိုထဲမှာ မကြာခဏတွေ့ရလေ့ရှိပါတယ်။