တောင်ကိုရီးယားမင်းသမီး Lee Yo Won ဟာဆိုရင် ငယ်ရွယ်ပြီး တက်လမ်းတွေ ရရှိနေတဲ့ အချိန် အသက် ၂၀ ကျော်အရွယ်မှာ လက်ထပ်ခဲ့တဲ့သူဖြစ်ပါတယ်။ Lee Yo Won လက်ထပ်ခဲ့တယ်ဆိုတာကို တော်တော်များများက မသိခဲ့ကြဘဲ လက်ရှိမှာ သူမ သမီးလေး အသက်တောင် ၂၀ ကျော်နေပြီလို့ သိရပါတယ်။
အခုအကြောင်းအရာလေးကို တောင်ကိုရီးယားမင်းသမီး Lee Yo Won က Lee Yo Won’s Q&A Time အစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာမှာ မင်းသမီး Lee Yo Won က ဇာတ်ကောင်မျိုးစုံကို စိန်ခေါ်နိုင်ပြီး ဇာတ်ကောင်တိုင်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ အကြောင်းကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ Lee Yo Won က ၁၉၈၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် လက်ရှိမှာ သူမရဲ့အသက်က ၄၂ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အိုမင်းမလာတာကြောင့် Lee Yo Won ကို နာမည်ပြောင်အနေနဲ့ vampire actress လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။
Lee Yo Won က ၁၉၉၇ ခုနှစ်မှာ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ ဂေါက်ကစားသမား Park Jin Woo နဲ့ လက်ထပ်ခဲ့ပါတယ်။ တောင်ကိုရီးယားမင်းသမီး Lee Yo Won က Park Jin Woo နဲ့ လက်ထပ်ပြီးနောက်မှာ သမီးလေး နှစ်ယောက်နဲ့ သားလေး တစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ Lee Yo Won ရဲ့ သမီးလေးက အခုနှစ်ထဲမှာဆို အသက် ၂၀ အရွယ်တောင် ရတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေ များစွာက အံ့အားသင့်ခဲ့ကြပါတယ်။
Lee Yo Won က ငယ်ရွယ်ပြီး ဆယ်ကျော်သက်လေး တစ်ယောက်လိုမျိုး ပုံစံဖြစ်နေတာကြောင့် အသက် ၂၀ အရွယ် သမီးတစ်ယောက်ရှိနေတယ်ဆိုတာကို ဘယ်သူကမှ မယုံကြည်ခဲ့ပါဘူး။ Lee Yo Won က ၁၉၉၈ ခုနှစ်မှာ Scent of a Man ဆိုတဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခြား ဇာတ်လမ်းတွေ ဖြစ်တဲ့ Attack the Gas Station ၊ Take Care of My Cat ၊ May 18 စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Lee Yo Won က SBS Drama Awards ရဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ သူဖြစ်ပြီး သရုပ်ဆောင် အရည်အချင်း တစ်ဖက်ကမ်းခပ်တော်လွန်းတဲ့သူဖြစ်ပါတယ်။