BLACKPINK အဖွဲ့ဝင် JISOO ဟာဆိုရင် ကမ္ဘာကျော် Dior အမှတ်တံဆိပ်နဲ့ နှစ်ပေါင်းများစွာကြာ ပူးတွဲဆောင်ရွက်မှု ပြုလုပ်ပြီးတဲ့နောက်မှာ ထူးခြားတဲ့ မျက်နှာသာပေးမှုတွေကို လက်ခံရရှိနေတဲ့ ကောင်မလေး ဖြစ်ပါတယ်။ မကြာသေးမီတုန်းက JISOO တစ်ယောက် ပါရီမြို့မှာ ရှိနေခဲ့တဲ့ ဓာတ်ပုံလေးတွေဟာဆိုရင်လည်း ပရိသတ်တွေ ကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
အဆိုပါ ဓာတ်ပုံတွေထဲမှာ JISOO က Dior ရဲ့ သမိုင်းဝင် အခမ်းအနားဆုံး ဒီဇိုင်းတွေရှိတဲ့ Dior Heritage storage ဆီကို ရောက်ရှိနေတာဖြစ်ပါတယ်။ အဆိုပါ နေရာဟာဆိုရင် လူတိုင်း ရောက်ရှိနိုင်တဲ့နေရာမဟုတ်ပါဘူး။ ဒါ ကြောင့် JISOO ရဲ့ ကုသိုလ်ကံထူးလွန်းမှုကြီးကတော့ ဂုဏ်ယူအားကျဖို့ ကောင်းလွန်းလှပါတယ်။
JISOO ဟာဆိုရင် Dior ရဲ့ Global Ambassador တစ်ယောက်အနေနဲ့ သမိုင်းဝင်ဒီဇိုင်းတွေ စုဆောင်းထားတဲ့နေရာကို အလှဆုံး ပုံစံလေးနဲ့ ရောက်ရှိခဲ့တာပါ။ ပြိုင်စံရှား ဆံပင်ပုံစံလေးနဲ့ အနက်ရောင် ဂါဝန်လေးနဲ့ လှချင်တိုင်း လှလွန်းနေတဲ့ JISOO ရဲ့ ပုံစံက သူဌေးသမီးတစ်ယောက် ဈေးဝယ်ထွက်နေသလို ပုံစံမျိုးနဲ့ တူလွန်းနေပါတယ်။
JISOO ကို Dior ရဲ့ မင်းသမီးလေးအဖြစ်တောင် တင်စားထားကြပြီး အဖိုးတန် ရတနာလေးအဖြစ် သတ်မှတ်ထားကြတာဖြစ်ပါတယ်။ ဒါ အပြင် JISOO က Dior ရဲ့ ambassador သမိုင်းမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်လို့လည်း သတ်မှတ်ခြင်း ခံထားရတဲ့ သူပါ။
Dior ရဲ့ စီအီးအိုကြီး Pietro Beccari က JISOO ကို ဘယ်လောက်ထိ ချစ်လဲဆိုရင် YG ဘက်က JISOO ကို အလုပ်ဖြုတ်ရင် သူ့ကို ကျုပ် အလုပ်ခန့်မယ်လို့ ဆိုတဲ့ အထိ ပြောခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ ထူးထူးခြားခြားဆိုသလို Dior ဘက်ကနေ အခွင့်အရေးတွေ အများကြီး လက်ခံရရှိနေတဲ့ BLACKPINK အဖွဲ့ဝင် JISOO ရဲ့ အကြောင်းကို ဂုဏ်ယူစရာလေးအဖြစ် တင်ဆက်ပေးလိုက်ပါတယ်နော် ။