ကိုရီးယားရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေ က တော့ ပြည်တွင်းမှာတင်မဟုတ်ပဲ အာရှနိုင်ငံတွေမှာပါ အရမ်းကို နာမည်ကြီး အောင်မြင်နေပါပြီ။ ကိုရီးယားအနုပညာရှင်တွေဟာ အခွင့်ထူးခံနောက်ခံမှ ဆင်းသက်လာသော်လည်း ဖျော်ဖြေရေးနယ်ပယ်တွေမှာ အလုပ်ကြိုးစားကြတာကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပရိသတ်တွေ အများကြီးက အားပေး ကြပါတယ်။ အခုဖော်ပြပေးမယ့် ကိုရီးယားအနုပညာရှင်တွေက ချမ်းသာကြွယ်ဝတဲ့ မိသားစုများကနေ ပေါက်ဖွားလာပြီး ဇိမ်ခံပြီး နေနိုင်ကြပေမယ့် အနုပညာအလုပ်ကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။
Kim Tae-hee
မိန်းကလေးတိုင်းကပါ အားကျရတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော Kim Tae-hee က တော့ ချမ်းသာတဲ့ မိသားစုမှ မွေးဖွားလာသူတစ်ယောက်ပဲဖြစ်ပါတယ်။ မင်းသမီး ကင်တယ်ဟီး ရဲ့ ဖခင်ဟာ Hankook Union Transportation Company ရဲ့ ဥက္ကဌဖြစ်ပြီး နှစ်စဉ် လည်ပတ်ငွေမှာ ကိုရီးယားဝမ် ၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂.၉ သန်း) ကျော်ရှိတယ်လို့သိရပါတယ်။
Jung Hae-in
ပရိသတ်တွေိကို စိုးမိုးလွန်းလို့ "ကိုစိုးမိုးနိုင်" လို့ ချစ်စနိုးခေါ်ရတဲ့ မင်းသားချော Jung Hae-in ကတော့ ချောမောလွန်းတဲ့ ရုပ်ရည်လေးနဲ့အတူ ပီပြင်လွန်းလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကိုရီးယားမှာတင်မကဘဲ မြန်မာနိုင်ငံအထိပါ အောင်မြင်ကျော်ကြားနေသူဖြစ်ပါတယ်။ Jung Hae-in ကတော့ You Were Sleeping, Something in the Rain, Prison Playbook တွေကို ရိုက်ကူးခဲ့ပြီး အခုလတ်တလောလေးမှ ပြီးဆုံးသွားတဲ့ Blackpink ရဲ့ အဖွဲ့ဝင် Jisoo နဲ့အတူရိုက်ကူးခဲ့တဲ့ Snowdrop ဇာတ်ကားလေးကလည်း ကြည့်ရှုအားပေးသူများတဲ့ ဇာတ်လမ်းလေးလဲ ဖြစ်ခဲ့ပါတယ်။ အသက် 33 နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jung Hae-in ရဲ့မျိုးရိုးက အထင်ကြီးစရာ ကောင်းလောက်အောင်ကို သူ့အဖို့ကလည်း ဂျိုဆွန်ခေတ်ရဲ့ အထင်ကရ အတွေးအခေါ်ပညာရှင်ကြီး ဂျောင်ယာကျိုင်းဖြစ်ပြီး မိဘတွေကလည်း ဆေးရုံတစ်ခု ပိုင်ဆိုင်ကြောင်း သိရပါတယ်။
Girls’ Generation’s Sooyoung
အသက် 31 နှစ်အရွယ် Sooyoung ကတော့ K-popလောကရဲ့ ရေပန်းအစားဆုံး မိန်းကလေးအဖွဲ့ Girls’ Generation ရဲ့အဖွဲ့၀င်ပဲဖြစ်ပါတယ်။ အဆိုတော်ဖြစ်သလို သရုပ်ဆောင်ပါလုပ်ကိုင်တဲ့ ဆိုယောင်း ကတော့ ချမ်းသာတဲ့ မျိုးရိုးကနေဆင်းသက်လာပဲဖြစ်ပါတယ်။ သူမ ရဲ့ အဘိုး ကတော့ ကိုရီးယားတွင် နာမည်ကြီး ဗိသုကာပညာ ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်ပြီး နာမည်ကျော် ဆိုးလ် အနုပညာစင်တာကို တည်ဆောက်ရန်စာချုပ်ချုပ်ထားတယ်လို့သိရပါတယ်။ ဆိုယောင်း ရဲ့ ဖခင်ကတော့ ထုတ်လုပ်ရေးနှင့်ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပါတယ်။ ဆိုယောင်း ရဲ့ မိသားစုဟာ ဆိုးလ်မြို့ Cheongdam-dong လို့ခေါ်တဲ့ချမ်းသာတဲ့ရပ်ကွပ်မှာ ဇိမ်ခံအိမ်ကြီးများစွာကိုလည်းပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။
Twice’s Tzuyu
အသက် 22 နှစ်အရွယ်ထိုင်ဝမ်သူ K-pop မင်းသမီး Twice အဖွဲ့၀င် Tzuyu မိဘတွေကတော့ ချမ်းသာအောင်ကြိုးစားခဲ့ကြတာပဲဖြစ်ပါတယ်။ သူမရဲ့ မိဘတွေဟာ Tainan’s ညစျေး ကနေ စီးပွားရေးလုပ်ကာ ချမ်းသာခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဆေးရုံးများတွင် မြုပ်နှံ့ခဲ့ပါတယ်။ သူမရဲ့ မိခင်ဟာ ထိုင်ဝမ်ရှိ ဆေးရုံတစ်ရုံ၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်ပြီး ကြီးမားသောပလပ်စတစ်ဆာဂျရီဆေးခန်းများနှင့် ကော်ဖီဆိုင်များကို ဦးဆောင်လျက်ရှိတယ်လို့သိရပါတယ်။
Twice’s Mina
အသက် 24 နှစ်အရွယ် အမေရိကန်နွယ်ဖွား ဂျပန်အဆိုတော် အကသမားဖြစ်တဲ့ Twice အဖွဲ့၀င် Mina ကတော့ 2015 ခုနှစ်က Twice နဲ့ ပွဲဦးမထွက်ခင် ဘဲလေးအကကိုလေ့ကျင့်သင်ကြားခဲ့ပါတယ်။ သူမရဲ့ ဖခင်ကတော့ ဂျပန်နိုင်ငံရှိ နာမည်ကြီး အရိုးခွဲစိတ်ဆရာဝန်နှင့် ပါမောက္ခဖြစ်ပြီး အိုဆာကာရှိ ထိပ်တန်းပုဂ္ဂလိကကျောင်းတစ်ခုတွင် တက်ရောက်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်။
Blackpink’s Jennie, Jisoo, Lisa and Rosé
Blackpink အဖွဲ့ဝင် လေးဦးစလုံးဟာ ကြွယ်ဝသော နောက်ခံရှိကြတယ်လို့သိရပါတယ်။ အသက် 25 နှစ်အရွယ် Jennie ကို ချမ်းသာတဲ့ ရပ်ကွက်တစ်ခုဖြစ်တဲ့ Gangnam-guရဲ့ Cheongdam-dongမှာ မွေးဖွားခဲ့ပြီး New Zealand တွင်ပညာသင်ကြားခဲ့ပါတယ်။ ကောလဟာလတွေအရတော့ Jennie အမေဟာ ကိုရီးယားဖျော်ဖြေရေး လုပ်ငန်းမှာ သြဇာကြီးသူတစ်ဦးဖြစ်ပြီး သူမ အဖေကတော့ ဆေးရုံတစ်ရုံကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။
Jisooရဲ့ ဖခင်ကတော့ ဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအိုဖြစ်ပြီး Silla ခေတ်က တော်ဝင်မိသားစုမှ တော်ဝင်မျိုးရိုးဖြစ်တယ်လို့လည်းထင်ကြေးပေးမှုတွေလည်းရှိနေပါတယ်။ အသက် ၂၆ နှစ်အရွယ် Jisoo ဟာ ဆိုးလ်ရှိ ဖျော်ဖြေရေးကျောင်းသို့ တက်ရောက်ခဲ့ပြီး တစ်နှစ်လျှင် ကျူရှင်ခ US$ 10,000 အထိပေးဆောင်ရတယ်လို့သိရပါတယ်။
အသက် 24 နှစ် အရွယ် Blackpink ရက်ပ်အဆိုတော် Lisa ကတော့ ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့ပြီး သူမ၏မိခင်ကတော့ မျိုးရိုးမြင့်သောမိသားစုကဖြစ်ကြောင်း ကောလဟာလများ ထွက်ပေါ်လျက်ရှိပါတယ်။ အဖေအရင်း မဟုတ်တဲ့ Lisaရဲ့ အဖေကတော့ ထိုင်းနိုင်ငံအခြေစိုက် နာမည်ကြီး Swiss စားဖိုမှူး Marco Brüschweiler ဖြစ်ပြီး အချက်အပြုတ်ကျောင်းကို ပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။
အသက် 24 နှစ် အရွယ် Blackpink Rosé ကတော့ New Zealand မှာ ရှေ့နေမိသားစုကနေ မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။ သူမကတော့ ဩစတေးလျမှာ ကြီးပြင်းပြီး ပညာသင်ကြားခဲ့ပြီး ကျူရှင်ခ ဈေကြီးတဲ့ သြစတြေးလျကျောင်းမှာ ဥပဒေပညာကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
Source : tatlerasia.com
Photo Credit : Google