အသက် ၅၀ ကျော်အရွယ်မှာ အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ်တော့မယ့် မင်းသမီးကြီး Jang Seo-hee - TrueID

အသက် ၅၀ ကျော်အရွယ်မှာ အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ်တော့မယ့် မင်းသမီးကြီး Jang Seo-hee

October 11, 2022

တောင်ကိုရီးယားမင်းသမီး Jang Seo-hee ဟာဆိုရင် ၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး အရမ်းကို လှပနုပျိုလွန်းတာကြောင့် children’s beauty အလှမယ်အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ သူဖြစ်ပါတယ်။

null

Jang Seo-hee ဟာဆိုရင်  Miss Mermaid ၊ Temptation of Wife ၊  Two Mothers နဲ့ အခြား ဇာတ်လမ်းတွဲတွေ တော်တော်များများမှာ အောင်မြင်မှု ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

null

ရိုးသားဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ မျက်နှာလေးကြောင့် Jang Seo-hee ကို ချစ်ခင် သဘောကျတဲ့ ပရိသတ်တွေကလည်း အများကြီးပဲဖြစ်ပါတယ်။ Jang Seo-hee ဟာ အသက် ၅၀ အရွယ်ရှိနေပြီဆိုပေမယ့် လက်ရှိအချိန်အထိ လက်ထပ်ထားခြင်း မရှိသေးဘဲ ဘဝကြီးကို တစ်ယောက်တည်း ဖြတ်သန်းနေတဲ့သူဖြစ်ပါတယ်။

null

Jang Seo-hee က အနုပညာလှုပ်ရှားမှုတွေမလုပ်တော့တာ ရာစုနှစ်များစွာ ကြာနေပြီဖြစ်ပေမယ့် လာမယ့် ၂၀၂၃ ခုနှစ်မှာတော့ The Witch's Game ဆိုတဲ့ ဇာတ်လမ်းနဲ့ ပရိသတ်တွေအရှေ့ကို ပြန်လည် ရောက်ရှိလာတော့မှာ ပဲ ဖြစ်ပါတယ်။

null

အသက် ၅၀ ကျော် အရွယ်ဖြစ်နေပေမယ့် မအိုသေးပဲ လှပနုပျိုနေဆဲဖြစ်တဲ့ Jang Seo-hee ရဲ့ ဇာတ်လမ်းကို ပရိသတ်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြပါတယ်။

 

Read More
Loading...
Loading...